မတ်လ ၂၆ – ၂၀၂၆
NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ကို NUG က မကြာသေးခင်က ဖမ်းဆီးထားခဲ့ပြီး၊ အခုတော့ NLA ဟာ NUG MOD လက်အောက်ခံတပ်ရင်း အဖြစ် ခံယူသွားပြီ ဖြစ်ပါတယ်။
NUG MOD ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းတိုင်း၊ တမူးဒေသ အခြေစိုက် NLA ဟာ PDF တပ်ရင်း အဖြစ် ကူးပြောင်းရပ်တည်ပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုကို မတ်လ ၂၀ ရက်နေ့မှာ ခံယူခဲ့ ကြောင်း ဖေါ်ပြထားပါတယ်။
လိုကယ် အဖွဲ့တွေ အနေနဲ့ NUG MOD ကွပ်ကဲမှုအောက် ပူးပေါင်းဖို့ အစဉ်အမြဲ ကြိုဆိုလျက် ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့်လည်း ဖမ်းဆီးခဲ့ NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ရဲဘော်တချို့ အကြောင်းကိုတော့ တစုံတရာ ဖေါ်ပြထားခြင်း မရှိပါ။
NLA ကို ၂၀၂၁ ဩဂုတ်လ (၂၃) ရက်နေ့မှာ Myanmar Federal Army (MFA) နာမည် နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၂၀၂၃ မတ်လ ၅ ရက်နေ့မှာတော့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army-NLA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
—————————
