ပြည်တွင်း

အမြန်လမ်းပေါ် PDF တွေကို “အမြန်ဆော်ဗျာ” ပြောသူ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၃၀ – ၂၀၂၅

PDF တပ်ဖွဲ့တွေ အမြန်လမ်း မိုင်တိုင် ၃၃၂ ပေါ်တက်စဉ်မှာ “အမြန်ဆော်ဗျာ” လို့ ကားပေါ်ကနေ ပြောဆိုခဲ့သူကို ဖမ်းဆီး စစ်ဆေး နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ကိုဘိုဘိုသိန်း အသက် (၄၉) နှစ်၊ အိမ်ခန်း အလှဆင် လုပ်ငန်း လုပ်ကိုင်သူ ဖြစ်တယ်လို့ သိရပြီး မနေ့ ဒီဇင်ဘာ ၂၉ ရက်၊ ည ၁၁ နာရီဝန်းကျင်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီး ခံခဲ့ရတာဖြစ်ပါတယ်။

အမြန်လမ်းမှာ သူစီးခဲ့တဲ့ EV ကား နဲ့ လူကိုပါ ထိန်းသိမ်းထားတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်က ရန်ကုန် – မန္တလေး အမြန်လမ်း၊ ကျောက်ဆည် လမ်းခွဲနဲ့ ပြင်စည် လမ်းခွဲကြားရှိ မိုင်တိုင် ၃၃၂ အနီးဝန်းကျင်မှာ PDF တပ်ဖွဲ့တွေ လမ်းမပေါ်တက်လာချိန် ကိုဘိုဘိုသိန်းက အဲဒီအဖွဲ့တွေကို ကားပေါ်ကနေ စကားပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို PDF အဖွဲ့တွေ အမြန်လမ်းပေါ် ရောက်လာပြီးတဲ့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ၁၅ မိနစ်ဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် အမြန်လမ်းပေါ် ကားတွေသွားလာခွင့် ရပ်တန့်ခဲ့ရတယ်လို့လည်း သိရပါတယ်။

PDF အင်အား ၃၀ လောက်ဟာ အမြန်လမ်းမပေါ်ကို တက်လာပြီးနောက် ရဲကင်းကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *