နိုင်ငံတကာ

အိမ်ဖြူတော်အပြင်ဘက် လျှို့ဝှက်လုံခြုံရေးကို လာပစ်တဲ့ သံသယရှိသူ ပစ်သတ်ခံရ

US Secret Service officers respond following reports of gunfire near the White House in Washington, DC, US, on Saturday, May 23, 2026. A man was shot by US Secret Service agents near the White House on Saturday after he opened fire with a handgun, according to a person familiar with the matter. Photographer: Aaron Schwartz/Bloomberg via Getty Image

မေလ ၂၄ – ၂၀၂၆

အိမ်ဖြူတော်အပြင်ဘက်မှာ လျှို့ဝှက်လုံခြုံရေး အေးဂျင့်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ သံသယရှိသူ တဦးဟာ ပစ်သတ်ခံလိုက်ရပါတယ်။

ဒီပစ်ခတ်မှု အတွင်း အနီးအနား လမ်းသွားလမ်းလာ တဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ မြောက်ဘက်မြက်ခင်းပြင် ဆီကနေ သေနတ်သံတွေ တရစပ် ထွက်ပေါ်လာပြီး အိမ်ဖြူတော်ကို အဝင်အထွက် ပိတ်ဆို့ခဲ့ ပေမယ့် အခုတော့ ပြန်ဖွင့်ထားပါပြီ။

ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ထဲမှာ ရှိနေခဲ့ပေမဲ့ “သူ့ရဲ့လုံခြုံရေး အပါအဝင် ဘာလုပ်ငန်းစဉ်ကိုမှ ထိခိုက်မှု မရှိခဲ့ဘူး” လို့ Secret Service က ပြောပါတယ်။

အိမ်ဖြူတော် အပြင်ဘက် သေနတ်ပစ်ခတ်မှု အတွင်း သေဆုံးသွားတဲ့ သံသယရှိသူဟာ အသက် ၂၁ နှစ်အရွယ် Nasire Best ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးရေးနဲ့ နီးစပ်သူတဦးက CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဲဒီသတင်းရင်းမြစ်ရဲ့ အဆိုအရ ဒီသံသယရှိသူဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တုန်းကလည်း အိမ်ဖြူတော်ထဲကို အတင်းဝင်ရောက်ဖို့ ကြိုးပမ်း ခဲ့တာကြောင့် အမေရိကန် Secret Service ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးပြီး၊ အဲဒီနောက်ပိုင်းမှာတော့ စိတ်ကျန်းမာရေး ပြဿနာတွေကြောင့် သူ့ကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *