နိုင်ငံတကာ

အီရန်စစ်ဆင်ရေးပြီးဆုံး၊ ဟော်မုဇ်ရေလက်ကြား သင်္ဘောတွေကို လမ်းပြ ခေါ်ထုတ်ပေးမှု ရပ်နား

WASHINGTON, DC – MAY 05: U.S. Secretary of State Marco Rubio speaks during a press conference in the Brady Press Briefing Room at the White House on May 05, 2026 in Washington, DC. With White House Press Secretary Karoline Leavitt away on maternity leave, U.S. Secretary of State Marco Rubio took questions on the ongoing hostilities with Iran. (Photo by Anna Moneymaker/Getty Images

မေလ ၆ – ၂၀၂၆

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အီရန်ကို ဆင်နွှဲနေတဲ့ “Operation Epic Fury” စစ်ဆင်ရေး ကနဦး ထိုးစစ်တွေ ပြီးဆုံးသွားပြီလို့ အိမ်ဖြူတော်တွင် သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားလိုက် ပါတယ်။

“Operation Epic Fury’’ လုပ်ငန်းစဉ် နိဂုံးချုပ်သွားပါပြီ၊ အဲဒီစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေကို ကျွန်တော်တို့ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်” လို့ ရူဘီယိုက ပြောကြားခဲ့ပြီး အီရန်စစ်ပွဲ ထိုးစစ်ဆင် အဆင့်မှာ “ပြီးဆုံးသွားပြီ” ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်မယ့် နားလည်မှု စာချွန်လွှာ အပါအဝင် အီရန်နဲ့ သဘောတူညီချက် တခု ရရှိဖို့ သမ္မတထရမ့်က ပိုမိုလိုလားနေကြောင်း ရူဘီယိုက ပြောပါတယ်။

“ဒါက သမ္မတ ရွေးချယ်ချင်တဲ့ လမ်းစပါ၊ ဒါပေမဲ့ အခုထက် ထိတော့ အီရန်ဘက်က ဒီလမ်းစဉ်ကို ရွေးချယ်ခြင်း မရှိသေးပါဘူး” လို့ သူက ဆက်ပြောပါတယ်။

သမ္မတထရမ့် ကတော့ အခုအချိန်မှာ ဟော်မုဇ်ရေလက်ကြား ပိတ်မိနေတဲ့ သင်္ဘောတွေကို လမ်းပြ ထုတ်ပေး မယ့် အစီအစဉ်ကို ခေတ္တရပ် နားထားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အီရန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် အတည်ပြုနိုင်မလားဆိုတာ စောင့်ကြည့်ဖို့ အတွက် အခုလို ရပ်နားမှုကို ခေတ္တခဏ လုပ်ဆောင်တာ ဖြစ်တယ်လို့ ထရမ့်က သူ့ရဲ့ လူမှုမီဒီယာမှာ ရေးသားခဲ့ပြီး အီရန် ဆိပ်ကမ်း တွေကို အမေရိကန် ပိတ်ဆို့ထားမှု ကတော့ ဆက်ရှိ နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမတုန်း ကတော့ ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို ထွက်နိုင်အောင် အမေရိကန်က “လွတ်လပ်မှု စီမံကိန်း” Project Freedom ကို ကြေညာခဲ့ပေမယ့် ၄၈ နာရီ မပြည့်ခင်မှာဘဲ ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

အီရန်အစိုးရပိုင် မီဒီယာတွေ ကတော့ ဒါဟာ သူတို့ရဲ့ အောင်ပွဲဖြစ်တယ်လို့ ချီးကျူးနေကြပြီး ထရမ့်ဟာ နောက်ဆုတ်သွားတာ ဖြစ်သလို သူ့ရဲ့ စီမံကိန်း ကျရှုံးမှု ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ပြောနေကြ ပါတယ်။

သင်္ဘောပေါင်း ၁၅၅၀ ပေါ်မှာ သင်္ဘောသား ၂၂၅၀၀ လောက် ပိတ်မိနေဆဲ ဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားထားပြီး ဗုဒ္ဓဟူးနေ့က ရရှိတဲ့ သင်္ဘော တည်နေရာပြ အချက်အလက်တွေအရ ရေလက်ကြား အနီးမှာ လှုပ်ရှားမှု အနည်းငယ်သာ ရှိတာကို တွေ့ရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *