” ဒီလိုအကန့်အသတ်နဲ့ တုန့်ပြန်နိုင်တုန်းမှာ ဦးချိုးထားဆိုတဲ့… အစိုးရပါ ပြောင်းသွားအောင် လုပ်ပစ်လိုက်ဆိုတဲ့…’’
‘’အဲဒီအတွက် ပေးဆပ်ရမယ့် ကုန်ကျစရိတ်က… ကမ္ဘာ့စီးပွားရေး တခုလုံးကို ရိုက်ခတ်အောင်လုပ်မယ်ဆိုတဲ့…’’
‘’နွံထဲတိုးတဲ့ကျားကို နွံပိုနစ်အောင်… လုပ်တဲ့…’’
ဒေါက်တာမင်းဇော်ဦး (နိုင်ငံတကာလုံခြုံရေး လေ့လာသုံးသပ်သူ)
———-
အီရန်ကို နျူကလီးယား လက်နက်မရှိစေရေး နဲ့ အာဏာရှင် အစိုးရ အပြေင်းအလဲအတွက် အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်ခဲ့မှု ဟာ သီတင်းပတ် ၄ ပတ်ထဲရောက်ရှိလာပေမယ့် အရှုံးအနိုင် အဖြေမထွက်နိုင်ပဲ ဖြစ်နေပါတယ်။
ဒီစစ်ပွဲရဲ့ သက်ရောက်မှုဟာ တကမ္ဘာလုံး ရေနံစျေးတွေ တက်ပြီး ကမ္ဘာလုံး ဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ဒီတော့ အီရန်စစ်ပွဲ ဘယ်လို အဆုံးသတ်မှာလဲ…
အရှုံးအနိုင် အဖြေပေါ်မှာလား…
အမေရိကန် အစ္စရေးတို့ ဘာဆက်လုပ်မှာလဲ…
စတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာ ပဋိပက္ခနဲ့ လုံခြုံရေး ရှုထောင့်ကနေ ပညာရှင်အဆင့် သုံးသပ်ချက်ဖြစ် ဒေါက်တာမင်းဇော်ဦး ကို မေးမြန်း တင်ဆက်ထားပါတယ်။
—————-
