အသစ်တက်လာမယ့် အီရန်ခေါင်းဆောင်ကို အစ္စရေးခြိမ်းခြောက်
ရေနံသိုလှောင်တွေ တိုက်ခိုက်ခံရပြီး တီဟီရန် ကောင်းကင် မဲမှောင်နေ
မတ်လ ၈ – ၂၀၂၆
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲ ဆင်နွှဲနေတဲ့ ၉ ရက်မြောက်နေ့ မှာတော့ အီရန်ခေါင်းဆောင်သစ် အတွက် အကြီးအကဲများကောင်စီ က တညီတညွတ်တည်း သဘောတူညီခဲ့ပြီ ဖြစ်ပြီး အစ္စရေး ကတော့ ဘယ်သူပဲ တက်လာ တက်လာ ပစ်မှတ်ထားမှာ ဖြစ်တယ်လို့ သတိပေးလိုက် ပါတယ်။
တိုက်ခိုက်မှုတွေမှာတော့ အီရန်က ရေနံသိုလှောင်ရုံတွေ တိုက်ခိုက်ခံရပြီး နောက် တီဟီရန်မြို့ရဲ့ မနက်ခင်း ကောင်းကင်ယံ ဟာ မဲမှောင်နေခဲ့ ပါတယ်။
တီဟီရန်နဲ့ Alborz ပြည်နယ် နှစ်ခုလုံးက ရေနံ သိုလှောင်ရုံတွေ တိုက်ခိုက် ခံရပြီးနောက် ကောင်းကင်ယံမှာ မီးခိုးတွေ ဖုံးလွှမ်း သွားခဲ့တာ ဖြစ်ပါ တယ်။
ရေနံသိုလှောင်ရုံတွေ တိုက်ခိုက်ခံရမှုကြောင့် ရေနံတင်တဲ့ ကားမောင်းသူ လေးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မီးခိုးတွေ ပိတ်မှောင်နေတဲ့ အတွက် “နေမင်းကြီး တစ်ခုလုံး ပျောက်ကွယ် သွားသလိုပဲ” လို့ တီဟီရန် က အသက် ၂၀ ကျော် အရွယ် အမျိုးသမီး တဦးက ပြောပါတယ်။
“ကျွန်မ နိုးလာတော့ တကယ်ကို ကြောက်စရာကောင်းပါတယ်။ လုံးဝ ညဉ့်နက်သွား သလိုမျိုးပဲ။ လေထဲမှာလည်း လောင်စာဆီတွေ လောင်ကျွမ်း နေတဲ့ အနံ့ကို ရနေတယ်” လို့လည်း အသက် ၄၀ ကျော်အရွယ် တခြား အမျိုးသမီး တဦးက ပြောပါတယ်။
အီရန်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကူဝိတ် နိုင်ငံရှိ အစိုးရ အဆောက် အအုံ တခုမှာ ညတွင်းချင်း မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။
စစ်ပွဲဟာ ဒုတိယမြောက် သီတင်းပတ်ထဲကို ရောက်ရှိလာတာနဲ့ အမျှ ပင်လယ်ကွေ့ ဒေသ တခုလုံးမှာ တိုက်ခိုက်မှု သတင်းတွေ ထွက်ပေါ်နေ ပါတယ်။
ဒေသခံ အီရန် အမျိုးသမီးတဦးက “ပြည်သူတွေဟာ အစ္စလာမ်မစ် သမ္မတနိုင်ငံရဲ့ ထောင်ထဲမှာ အသေခံရတာထက် ဗုံးကြဲခံရပြီး သေရ တာကိုပဲ ပိုအလိုရှိကြတယ်” လို့ ပြောပြခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
