နိုင်ငံတကာ နိုင်ငံရေး

အီရန်နဲ့ သဘောတူညီမှု မရရင် အီရန် ဓါတ်အားပေးစက်ရုံတွေနဲ့ ရေနံတွင်းတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ ထရမ့်ခြိမ်းခြောက်

မတ်လ ၃၀ – ၂၀၂၆

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မကြာခင် အီရန်နဲ့ သဘောတူညီမှု မရခဲ့ဘူး ဆိုရင် အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေနဲ့ ရေနံတွင်းတွေကို အမြစ်ပြတ် တိုက်ခိုက်ရှင်းလင်း ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ထရမ့်က “

အမေရိကန်ပြည်ထောင်စုဟာ အီရန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးတွေကို အဆုံးသတ်ဖို့အတွက် ပိုပြီးအကျိုးအကြောင်း နားလည်တဲ့ အစိုးရသစ် တရပ်နဲ့ အလေးအနက် ဆွေးနွေးနေပါတယ်” လို့ သူ့ရဲ့ Truth Social လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီမှု မရရင်တော့ အခုထက်ထိ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တဲ့ နေရာတွေကို တိုက်ခိုက် သွားမယ်လို့ သတိပေး လိုက်တာ ဖြစ်ပါတယ်။

သူက အခုလိုမျိုး ရာဇသံပေးပြီး နောက်ဆုံးရက် သတ်မှတ်ခဲ့တာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါ။

ဒါ့အပြင် ထရမ့်ဟာ အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်တဲ့ ခါ့ဂ်ကျွန်းကိုလည်း ထပ်မံခြိမ်းခြောက်လိုက်ပါတယ်။

ဒါဟာ တကယ်လုပ်မှာလား ဒါမှမဟုတ် ကြောက်အောင် ခြောက်တာလား ဆိုတာ ကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ထရမ့်က “တိုးတက်မှုတွေ အများကြီးရှိနေပါပြီ၊ ဒါပေမဲ့ တစုံတရာ အကြောင်းကြောင့် သဘောတူညီမှု မရဘူးဆိုရင်၊ နောက်ပြီး ဟော်မုဇ် ရေလက်ကြားကို ချက်ချင်း ပြန်မဖွင့်ဘူး ဆိုရင်တော့ ကျွန်တော်တို့ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ရေနံတွင်းတွေ၊ ခါ့ဂ်ကျွန်းနဲ့ ရေချို ထုတ်လုပ်တဲ့ စက်ရုံအားလုံးကိုပါ အကုန် အစင် ဖောက်ခွဲဖျက်ဆီးပြီး အီရန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ် ကို အဆုံးသတ်လိုက်မှာပါ” လို့ သူက ဆိုပါတယ်။

“ဒါဟာ လွန်ခဲ့တဲ့ ၄၇ နှစ်အတွင်း အီရန် အစိုးရဟောင်းရဲ့ ‘ထိတ်လန့်ဖွယ် အုပ်ချုပ်မှု’ အောက်မှာ အသတ်ခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ စစ်သားတွေနဲ့ တခြားသူတွေ အတွက် လက်တုံ့ပြန်တာပဲ ဖြစ်လိမ့်မယ်” လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

—————————

Leave a Reply

Your email address will not be published. Required fields are marked *