ဇွန် ၁၇ – ၂၀၂၆
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင် ကို တရုတ်အစိုးရက မှားယွင်းစွာ ဖမ်းဆီးထားတဲ့ အပေါ် အလွတ်အမင်းစိုးရိမ်ပူပန်ကြောင်းနဲ့ ခြွင်ချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ISP-Myanmar က ဒီကနေ့ ကြေညာချက်ထုတ် တောင်းဆို လိုက်ပါတယ်။
အထောက်အထားမဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မှတ် သမျှကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းလည်း ဖေါ်ပြထားပါတယ်၊
ISP-Myanmar ဟာ ပါတီစွဲကင်းတဲ့ အစိုးရမဟုတ်တဲ့ မြန်မာ့နိုင်ငံရေး အတွက် ဆောင်ရွက်နေတဲ့ သုတေသန အဖွဲ့အစည်း တခုသာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media

