ဇွန် ၁၅ – ၂၀၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင် ဟာ သမ္မတ အနေနဲ့ ဒုတိယ နိုင်ငံခြား ခရီးစဥ်အဖြစ် တရုတ်နိုင်ငံကို ဒီကနေ့ မနက်ပိုင်းမှာ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဇွန် ၁၉ ရက်နေ့ အထိ ကြာမယ့် ၅ ရက်ကြာ ခရီးစဥ် အတွင်း တရုတ်သမ္မတ နဲ့ ဝန်ကြီးချုပ် အပါအဝင် စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံဆွေးနွေး သွားမယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ရေး အပြင် နည်းပညာ အကူအညီ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
—————————
THN Public Media
