ဖေဖေါ်ဝါရီ ၇ – ၂၀၂၆
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၂၅ အတွက် ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲမှာ အကောင်းဆုံး ဇာတ်ဆောင်ဆု တွေ အဖြစ် မြင့်မြတ်နဲ့ ရတနာဗိုတို့ ရရှိသွားပါတယ်။
သရုပ်ဆောင်တွေ အတွက် အဓိက အကယ်ဒမီ ဆု ၄ ဆုကိုတော့
အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု – မြင့်မြတ် (မြေဇာ)
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု – ရတနာဗို (မောင့်မိဖုရား)
အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု – နေမျိုးအောင် (မြစ်လက်တက်ပေမယ့် ရေစီးကြမ်းတယ်)
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု – ခိုင်နှင်းဝေ (မောင့်မိဖုရား) တို့က အသီးသီး ရရှိသွားကြပါတယ်။
ရုပ်ရှင် တသက်တာဆု (၃) ဆု ကိုတော့ ဦးဌေးအောင် ဒေါ်ခင်လေးဆွေ နဲ့ ဦးကြည်စိုးထွန်း တို့ ရရှိခဲ့ ပါတယ်။
အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ ဩရသ က “ဗြောသံ” ဇာတ်ကား ကနေ ရရှိပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ” ပန်းမြိုင်လယ်မှဥယျာဉ်မှူး ” ဇာတ်ကားက ရရှိသွားကာ စုစုပေါင်း ရုပ်ရှင် ထူးချွန်ဆု ၁၈ ဆုကို ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
—————————
THN Public Media
