မေလ ၁၉ – ၂၀၂၆
အာဆင်နယ် အသင်း ဂန်းနား ဟာ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် အခုတော့ အင်္ဂလန် ပရီးမီယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်သွားပြီ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ဖလား လုနေရတဲ့ မန်စီတီးဟာ ဒီကနေ့ညမှာ ဘွန်းမောက် ကို သရေသာ ကစားနိုင်တဲ့ အတွက် ၃၇ ပွဲကစားပြီး ၇၈ မှတ်သာ ရထား ပါတယ်။
အာဆင်နယ်ကတော့ ၃၇ ပွဲကစားထားပြီး ၈၂ မှတ် ရထားတာကြောင့် ၄ မှတ် ကွာသွားပြီ ဖြစ်တဲ့ အတွက် နောက်ဆုံးတပွဲ အမှတ်ကို ထည့်တွက် စရာမလိုတော့ဘဲ အာဆင်နယ်က နှစ်ပေါင်း ၂၂ အကြာမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားပြီ ဖြစ်ပါတယ်။
—————————
THN Public Media
