ဇွန် ၆ – ၂၀၂၆
ဖက်ဒရယ် ဦးဆောင်ကောင်စီ SCEF ကနေ မနေ့ ဇွန်လ ၅ ရက်နေ့မှာ နိုင်ငံတကာ သံတမန် တွေကို သံတမန်ဆိုင်ရာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံ ၂၄ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တချို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ ဒီရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ အနာဂတ် အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အပေါ် အမြင်ချင်းဖလှယ် ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
အွန်လိုင်းကနေ တွေ့ဆုံခဲ့တာလား မြေပြင်မှာ လူချင်း တွေ့ဆုံတာလား ဆိုတာ ကိုတော့ ဖေါ်ပြခြင်း မရှိပါ။
—————————
THN Public Media
