(၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို မနေ့ မနက်ပိုင်းက နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ မှာ ကျင်းပခဲ့ရာ စစ်ကော်မရှင် ဥက္ကဌ တက်ရောက် ခဲ့ကြောင်း သတင်း ထုတ်ပြန် ထား ပါတယ်။
ပြပွဲမှာ ရောင်းချမယ့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲတွေနဲ့ ပုလဲအတွဲ တွေကို စစ်ကော်မရှင် ဥက္ကဌ က လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူ တွေရဲ့ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်တာတွေကို လမ်းညွှန် မှာကြား သွားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၆ ရက်အထိ ကျင်းပပြုလုပ်သွားမယ့် ဒီကျောက်မျက်ရတနာ ပြပွဲမှာ ကျောက်စိမ်းရိုင်း အတွဲ ၅၀၆၄ တွဲ၊ ကျောက်စိမ်း အချောထည် အတွဲ ၂၁ တွဲ၊ ကျောက်မျက်ရိုင်း အတွဲ ၁၃ တွဲ၊ ကျောက်မျက် လက်ဝတ် ရတနာ အတွဲ ၁၄၇ တွဲ၊ ပုလဲအတွဲ ၄၈၉ တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည် တွေကို အိတ်ဖွင့် ဈေးပြိုင် တင်ဒါစနစ်နဲ့ ရောင်းချ သွားမှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ နဲ့ ရောင်းချ ပေးသွားမှာလို့ ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
