အောက်တိုဘာ ၇ – ၂၀၂၅
ရှမ်းမြောက်ဒေသ ကျောက်မဲခရိုင် မိုင်းလုံ မြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်တပ်က ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ လေယာဥ်နေဲ့ ပေါင် (၂၅၀) ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့ အတွက် ကလေးငယ် (၁)ဦး အပါအ၀င် ပြည်သူလူထု (၁၀) ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA တအာင်းအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင် နေအိမ် (၆) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။
အလားတူ ဒီကနေ့ မနက် ၇ နာရီခွဲ လောက်မှာ နမ္မတူ မြို့နယ် ရပ်ကွက် (၈) ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းကို ကိုလည်း ဂျက်ဖိုက်တာ နဲ့ ပေါင် (၅၀၀) ဗုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့ အတွက် ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း သတင်း ထုတ်ပြန်ထား ပါတယ်။