နိုင်ငံတကာ

အီဂျစ်မှာကျင်းပတဲ့ ‘’ငြိမ်းချမ်းရေး ၂၀၂၅’’ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက် လက်မှတ်ရေးထိုး

SHARM EL-SHEIKH, EGYPT – OCTOBER 13: U.S. President Donald Trump signs a Gaza ceasefire agreement on October 13, 2025 in Sharm El-Sheikh, Egypt. President Trump is in Egypt to meet with European and Middle Eastern leaders in what?s being billed as an international peace summit, following the start of a US-brokered ceasefire deal to end the war in the Gaza Strip. (Photo by Chip Somodevilla/Getty Images

အောက်တိုဘာ ၁၄ – ၂၀၂၅

ဂါဇာစစ်ပွဲ အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အတွက် အီဂျစ်နိုင်ငံမှာ မနေ့က သမ္မတ ထရမ့် ဦးဆောင် ကျင်းပပြီး ကမ္ဘာ့ ခေါင်းဆောင် ၃၀ နီးပါ တက်ရောက်တဲ့ ‘’ငြိမ်းချမ်းရေး ၂၀၂၅’’ မှာ သမ္မတ ထရမ့် နဲ့ ကာတာ၊ အီဂျစ်၊ တူရကီ နိုင်ငံက ခေါင်းဆောင်တွေ သဘောတူညီချက် တခုကို လက်မှတ် ရေးထိုးခဲ့ ပါတယ်။

ဒါပေမယ့်လည်း ဒီသဘောတူညီချက်မှာ အချက်အလက် အသေးစိတ်ကို ဖေါ်ပြခြင်းမရှိသလို အစ္စရေး နဲ့ ဟားမတ်စ် တို့ပါဝင် လက်မှတ်ထိုးခြင်း မရှိခဲ့ပါ။

ခေါင်းဆောင်တွေကတော့ ‘’အလွန်တရာအရေးကြီးတဲ့ လက်မှတ် ရေးထိုးပွဲ’’ လို့ ခေါ်ဆိုကြပြီး ဒါဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အကြား ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် အဓိက အောင်မြင်မှု တရပ်ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။

လက်မှတ်ထိုးတဲ့ ဖိုင်တွဲကို သမ္မထ ထရမ့် ကိုင်ပြီး ထောင်ပြတဲ့ ပုံကနေ စာရွက်ကို ပုံကြီးချဲ့ကြည့်ရာမှာ ယေဘုယျ မူဝါဒကြေညာချက် တခု ပါရှိတာကို တွေ့ရပါတယ်။

တွေ့ရှိရတဲ့ ကြေညာချက်မှာ

“ဂါဇာကမ်းမြှောင်မှာ ပြည့်စုံပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်တွေ ထူထောင်ရာမှာ ရရှိမယ့် တိုးတက်မှုတွေ အပြင် အစ္စရေးနဲ့ ဒေသတွင်း အိမ်နီးချင်းတွေ အကြား ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေးကိုလည်း ကျွန်ုပ်တို့ ကြိုဆိုပါတယ်” လို့ စာရွက်ထဲမှာ ‌ရေးသားထားပါတယ်။

ဒါ့အပြင် ခေါင်းဆောင်များက နောင်လာမယ့် မျိုးဆက်တွေ အတွက် ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရန်နှင့် ရေရှည်တည်တံ့အောင် “စုပေါင်းလုပ်ဆောင်သွားမယ်” ဟု ကတိပြုထားတာ တွေ့ရပါတယ်။

ဝါရှင်တန် ညနေပိုင်းမှာတော့ အိမ်ဖြူတော် က “ရေရှည်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ထရမ့် ကြေညာချက်” ဆိုပြီး ကြေညာချက် တခု ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ် ဖေါ်ပြထားခြင်း မရှိပါ။

ထရမ့်ရဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ် ရဲ့ ကနဦး အဆင့် ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလဲလှယ်ရေးကို သဘောတူခဲ့ကြပြီး ဖြစ်ပေမယ့် ဟားမတ်စ် အဖွဲ့က လက်နက်စွန့်ပြီး ဂါဇာကမ်းမြှောင် အုပ်ချုပ်ရေးမှာ မပါဝင်ရ ဆိုတာကို လက်ခံမလား ဆိုတာ မသိရသေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *