အောက်တိုဘာ ၁၅ ရက်နေ့က NCA ၁၀ နှစ်ပြည့် အခမ်းအနား အပြီး ‘’ငြိမ်းချမ်းတဲ့ အနာဂတ် တည်ဆောက်ခြင်း’’ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက်နေ့ အထိဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲကနေ နိုင်ငံရေး နိုင်ငံရေး ကဏ္ဍမှာ အကြံပြုချက် (၄၈)ချက်နဲ့ စီးပွားရေး ကဏ္ဍမှာ (၅၃)ချက် ရရှိခဲ့ကြောင်း NSPNC အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
အခုရရှိခဲ့တဲ့ အချက်တွေရဲ့ အသေးစိတ်ကို တော့ ထုတ်ပြောခြင်း မရှိပေမယ့် ဒီအချက်တွေကို ရေတို ရေရှည် ဆက်လက် ညှိနှိင်း အကောင် အထည် ဖော်သွားမယ်လို့ သူက ပြောပါတယ်။
photo: Popular News Journal
—————————
THN Public Media