မိုးလေဝသ

ဖိလစ်ပိုင်မှာ လူ ၁၁၄ ဦးသေဆုံးခဲ့တဲ့ မုန်တိုင်း ခါမာဂီ ဗီယက်နမ်ကို ဝင်တော့မယ်၊ ထိုင်းနိုင်ငံမှာလည်း သတိပေးချက်တွေ ထုတ်ပြန်

နိုဝင်ဘာ ၆ – ၂၀၂၅

ဖိလစ်ပိုင်မှာ လူပေါင်း အနည်းဆုံး ၁၁၄ ဦးကို သေဆုံးစေခဲ့တဲ့ တိုင်ဖုန်း မုန်တိုင်း ခါမာဂီ ဟာ လေတိုက်နှုန်း မြင့်လာပြီး ဗီယက်နမ် အလယ်ပိုင်းကို ဝင်ရောက် တိုက်ခတ်တော့မှာ ဖြစ်ပါတယ်။

ဗီယက်နမ် မိုးလေဝသဗျူရိုရဲ့ အဆိုအရ မုန်တိုင်း ဝင်ပြီဆိုရင် ၂၆ ပေ အထိ အမြင့် ရှိတဲ့ လှိုင်းလုံးတွေ ဖြစ်စေနိုင်တာကြောင့် ကမ်းရိုးတန်း ဒေသတွေက လူထောင်ပေါင်းများစွာကို ကြိုတင်ရွှေ့ပြောင်းဖို့ ဆော်သြထားပါတယ်။

ဒီနှစ်ထဲမှာ အပြင်းဆုံး တိုင်ဖုန်းတွေထဲက တခုဖြစ်တဲ့ ခါမေဂီ မုန်တိုင်း ဟာ ဗီယက်နမ်ကို ဝင်ရောက်မှာ ဖြစ်တဲ့အတွက် ဗီယက်နမ် က လေကြောင်း ခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်းတာ အချိန်ဇယား ပြန်လည် သတ်မှတ် တာ‌တွေ ပြုလုပ်ခဲ့ရပြီး ဒေသတွင်းရှိ လေဆိပ် ၆ ခု ရဲ့ လုပ်ငန်း တွေကို ရပ်ဆိုင်းထားပါတယ်။

ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် Tran Hong Ha က ဒီမုန်တိုင်းကို ပုံမှန် အနေ အထားမျိုး မဟုတ်ဘူးလို့ သတ်မှတ်ခဲ့ပြီး ဒေသခံ အရာရှိတွေကို အရေးတကြီး ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံ မှာလည်း ဒီမုန်တိုင်း သက်ရောက်မှု အတွက် ပြင်ဆင်နေပြီး၊ ရုတ်တရက် ရေကြီးမှု၊ မြေပြိုမှု နဲ့ မြစ်ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံ အရာရှိတွေ က သတိပေးထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *