ထိုင်းမြန်မာနယ်စပ် မြန်မာဘက်ခြမ်း ကျားဖျန့်လုပ်ငန်းတွေ က အိန္ဒိယနိုင်ငံသား ၂၇၀ ကို ထိုင်း နိုင်ငံက တဆင့် အိန္ဒိယနိုင်ငံကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ရန်ကုန် အိန္ဒိယ သံရုံးက ထုတ်ပြန်ထားပါတယ်။
ဒီ အိန္ဒိယနိုင်ငံသားတွေဟာ မြန်မာနိုင်ငံ၊ မြဝတီမြို့ က ဆိုက်ဘာ လိမ်လည် စင်တာတွေမှာ လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်ပြီး မကြာသေးမီက ထိုင်းနိုင်ငံ ထဲကို ဖြတ်ကျော်ရောက်ရှိလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှု နဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်း တာကို ခံခဲ့ရတယ်လို့လည်း ဖေါ်ပြထားပါတယ်။
အမျိုးသမီး ၂၆ ဦး အပါအဝင် အိန္ဒိယနိုင်ငံသား ၂၇၀ ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ကနေ အိန္ဒိယလေတပ်က စီစဉ်တဲ့ အထူးလေယာဉ် နဲ့ အိန္ဒိယကို ၂ ခေါက် ပြန်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ကျန်ရှိနေသေူတဲ့ အိန္ဒိယ နိုင်ငံသားတွေကို အမြန်ဆုံး ပြန်ပို့နိုင်ရေး အတွက် သက်ဆိုင်ရာ အိမ်ရှင် အစိုးရတွေနဲ့ ညှိနှိုင်း ဆောင်ရွက် နေကြောင်းလည်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media
