နိုင်ငံတကာ

အမေရိကန် Shutdown အဆုံးသတ်ပြီး သမ္မတ ထရမ့်က ဘတ်ဂျက် ဥပဒေကြမ်းကို လက်မှတ်ထိုး အတည်ပြု၊ အမေရိကန်အစိုးရ တရားဝင် ပြန်လည်ပတ်ပြီ

WASHINGTON, DC – NOVEMBER 12: U.S. President Donald Trump signs funding legislation to reopen the federal government as he is joined by Rep. Lisa McClain (R-MI), other Republican lawmakers and business leaders, during a ceremony in the Oval Office of the White House on November 12, 2025, in Washington, DC. The legislation, passed by the House of Representatives tonight, funds the federal government until the end of January 2026 and ends the 43-day government shutdown, the longest in the nation?s history. (P

နိုဝင်ဘာ ၁၃ – ၂၀၂၅

အမေရိကန် သမိုင်းမှာ အစိုးရ လုပ်ငန်းတွေ ပိတ်ထားရမှု (shutdown) အကြာရှည်ဆုံး ၄၃ ရက် ကျော်ဖြတ်ခဲ့ပြီးနောက် အခုနောက်ဆုံး လွှတ်တော် နှစ်ရပ်လုံးမှာ ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုနိုင်ပြီ ဖြစ်လို့ shutdown လည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ညမှာ တွင် အောက်လွှတ်တော် မှာ ၂၂၂ မဲ-၂၀၉ မဲ နဲ့ ဘတ်ဂျက် ဥပဒေကြမ်းကို အတည်ပြုပြီး နာရီပိုင်း အကြာမှာပဲ ထရမ့်က ယာယီဘတ်ဂျက် ဥပဒေကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အခုလို ၄၃ ရက်ကြာ ပိတ်ခဲ့ရတာကြောင့် လူတွေ အလွန်ထိခိုက် နစ်နာခဲ့ ရတယ်လို့ ထရမ့်က သမ္မတရုံးမှာ ပြောကြားခဲ့ပါတယ်။

အခုတော့ အစိုးရဝန်ဆောင်မှုတွေ လာမယ့်ရက်တွေ အတွင်း ပြန်လည် စတင်မှာ ဖြစ်ပြီး လေကြောင်း ခရီးစဥ်တွေ ပုံမှတ် ပြန်ဖြစ်လာဖို့ မျှော်လင့်ရ ပါတယ်။

အခု လွှတ်တော်တွေမှာ ညှိနှိုင်း ရရှိတဲ့ သဘောတူညီချက်အရ ဖက်ဒရယ် အစိုးရ အတွက် ရန်ပုံငွေကို ဇန်နဝါရီလ ၃၀ ရက် အထိသာ တိုးမြှင့် ပေးထား ပါတယ်။

ဒါကြောင့် ဇန်နဝါရီ ၃၀ ရက်နေ့မှာ လွှတ်တော်အမတ်တွေ အနေနဲ့ အစိုးရကို ဆက်လည်ပတ်ဖို့ ဘတ်ဂျက် အတွက် နည်းလမ်းရှာဖွေရဦး မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘတ်ဂျက်ဥအဒေကြမ်းကို အတည်ပြုနိုင်ဖို့ အတွက် ဒီမိုကရက်တွေ ဘက်က ‌တောင်းဆိုထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ ငွေ တိုးမြှင့်ပေးဖို့ အတွက် ဒီဇင်ဘာလမှာ မဲပေးဆုံးဖြတ်မယ့် အစီအစဥ်ကို သဘောတူ ထည့်သွင်းထားပါတယ်။

ဒီမိုကရက်တွေက အခု နှစ်ကုန်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ဝင်ငွေနည်း အမေရိကန်တွေ အတွက် ကျန်းမာရေး အာမခံ ထောက်ပံ့ငွေ တိုးမြှင့်ပေးဖို့ ကိစ္စ၊ ရီပတ်ဘလစ်ကန်တွေ သဘောတူမှသာ အခု ဘတ်ဂျက် ကို ထောက်ခံမယ်လို့ ကနဦး ရပ်တည်ခဲ့တာပါ။

ရီပတ်ဘလစ်ကန်တွေကတော့ အစိုးရပြန်လည် လည်ပတ်ပြီးမှ ကျန်းမာရေး စောင့်ရှောက်မှု ဆွေးနွေးနိုင်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ကတော့ Shutdown ဖြစ်ခဲ့ရမှု အတွက် ဒီမိုကရက်ပါတီကို အပြစ်တင်ခဲ့ပြီး “သူတို့က နိုင်ငံရေးအရ အကြောင်းပြချက် သက်သက်နဲ့ လုပ်ခဲ့တာ” လို့ ပြောကြားခဲ့ပါတယ်။

ဒီအတွက် လာမယ့် ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေ ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် မမေ့ဖို့ ထရမ့်က ပြောပါတယ်။

photo: getty

ref: bbc

Leave a Reply

Your email address will not be published. Required fields are marked *