ပြည်တွင်း

ဒေါ်နော်အုန်းလှ တို့ရဲ့ UNDP ပါတီ က အမတ်နေရာ ၁၆ နေရာ ဝင်ရောက်ယှဥ်ပြိုင်မယ်

နိုဝင်ဘာ ၁၅ – ၂၀၂၅

လူ့အခွင့်အရေးမြှင့်တင်ရေး ဆယ်ဆုနှစ်များစွာ ဆောင်ရွက်ခဲ့သူ ဒေါ်နော်အုန်းလှ တို့ရဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ UNDP ကနေ အမတ်နေရာ ၁၆ နေရာ ဝင်ရောက် ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။

UNDP ပါတီမှာ ဒေါ်နော်အုန်းလှ က ဒုဥက္ကဌ တာဝန်ယူထားပြီး သူကိုယ်တိုင် ကတော့ ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်မှာ မဟုတ်ပါ။

UNDP ပါတီဟာ တနိုင်ငံလုံး အဆင့် မဟုတ်ဘဲ ရန်ကုန်တိုင်းအဆင့် ပါတီသာဖြစ်ပြီး ပါတီဥက္ကဌ ဦးဒေးဗစ်လှမြင့် ကတော့ ဝင်ရောက် ယှဥ်ပြိုင်မှာ ဖြစ်သလို ဝင်ရောက်မယ့် ၁၆ ဦး ဟာ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေ အတွက် ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပါတီစည်းရုံးရေး ပြောကြားချက်မှာ ဒေါ်နော်အုန်းလှ က လူ့အခွင်အရေး ကိစ္စကို အလေးပေးပြောကြားသွားခဲ့ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP ကို ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *