နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ကို မျက်ကွယ်သေဒဏ်ချမှတ်

TOKYO, JAPAN – MAY 30: Bangladesh’s Prime Minister Sheikh Hasina Wajed speaks during the 25th International Conference on The Future of Asia on May 30, 2019 in Tokyo, Japan. The conference where economic and academic leaders from the Asia-Pacific region discuss on regional issues and the role of Asia in the world is held through May 31. (Photo by Tomohiro Ohsumi/Getty Images

နိုဝင်ဘာ ၁၇ – ၂၀၂၅

ပြီးခဲ့တဲ့နှစ်က ရာထူးက ဖယ်ရှားခြင်း ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ကို မနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေကို နှိမ်နင်းရာမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ထူထောင်ထားတဲ့ အထူးခုံရုံး ဖြစ်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး ကနေ မျက်ကွယ် သေဒဏ်ချမှတ် လိုက်ပါတယ်။

ရှိတ်ဟာဆီနာ ဟာ ဆန္ဒပြသူတွေ အပေါ် အသက်သေစေနိုင်တဲ့ အင်အားကို အသုံးပြုခွင့် ပေးခဲ့တဲ့ အတွက် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရကြောင်း နဲ့ ပြီးခဲ့တဲ့နှစ် အဓိကရုဏ်း ကာလ အတွင်း ဆန္ဒပြသူ ၁၄၀၀ ဦး သေဆုံးခဲ့ရတယ်လို့ တရားရုံးက ပြောပါတယ်။

ဟာဆီနာ ဟာ ၂၀၂၄ ဇူလိုင်လမှာ ရာထူးက ဖယ်ရှားခံရပြီးနောက် အိန္ဒိယနိုင်ငံကို ထွက်ပြေး တိမ်းရှောင် သွားခဲ့တာ ဖြစ်ပါတယ်။

ရှေ့နေတွေက ဆန္ဒပြမှု အတွင်း ရာနဲ့ချီတဲ့ သတ်ဖြတ်မှုတွေ နောက်ကွယ်မှာ ရှိတ်ဟာဆီနာ ရှိတယ် လို့ စွပ်စွဲခဲ့ပါတယ်။

ဟာဆီနာကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး တရားစီရင်မှုကို “ဘက်လိုက်မှုနဲ့ နိုင်ငံရေးအရ လှုံ့ဆော်မှု” လို့ ခေါ်ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း တရားရုံးမှာတော့ ရှိတ်ဟာဆီနာ က ဆန္ဒပြမှုတွေ အတွင်း လူသေစေတဲ့ လက်နက် တွေ သုံးဖို့ ခွင့်ပြုခဲ့တဲ့ အသံဖိုင်ကို ဖွင့်ပြခဲ့ပါတယ်။

သေဒဏ် ချမှတ်တာဟာ အခု အိမ်စောင့်အစိုးရ အနေနဲ့ “သူမရဲ့ပါတီဖြစ်တဲ့ အဝါမီလိဂ် ပါတီကို နိုင်ငံရေး အင်အားစုအဖြစ် ပယ်ဖျက်ဖို့” နည်းလမ်းဖြစ်ကြောင်း ဟာဆီနာက ပြောကြားခဲ့ပါတယ်။

သူမက ” သက်သေ အထောက်အထားတွေကို တရားမျှတစွာ စစ်ဆေးနိုင်တဲ့ တရားမျှတတဲ့ တရားရုံး နေရာမှာ စွပ်စွဲသူတွေနဲ့ ရင်ဆိုင်ဖို့ မကြောက်ဘူး” လို့ ပြောပါတယ်။

၂၀၂၄ ဆန္ဒပြမှုတွေ အတွင်း သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေကတော့ ဟာဆီနာကို ပြင်းထန်စွာ အပြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

စီရင်ချက်မချမီ တနင်္လာနေ့က မြို့တော် ဒါကာ မှာ လုံခြုံရေး တင်းကျပ်ခဲ့ပြီး၊ ဟာဆီနာကို ဆန့်ကျင်သူ တွေက စီတန်းလှည့်လည်ကာ စီရင်ချက် ဖတ်ကြားချိန်မှာ ထောက်ခံ အားပေးခဲ့ကြ ပါတယ်။

၂၀၂၄ ခုနှစ် ရှိတ်ဟာဆီနာကို ရာထူးက ဖယ်ရှားပြီးနောက် စီးပွားရေးပညာရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ အိမ်စောင့် အစိုးရက တာဝန်ယူခဲ့ပြီး ပါလီမန် ရွေးကောက်ပွဲတွေကို ၂၀၂၆ ဖေဖော်ဝါရီလ မှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။

ဟာဆီနာရဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့ အဝါမီလိဂ် ပါတီကို ဘင်္ဂလားဒေ့ရှ် အိမ်စောင့် အစိုးရက မေလမှာ ပိတ်ပင်ခဲ့ပါတယ်။

အခုလို စီရင်ချက်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ အကြား သံတမန်ရေးရာ စိန်ခေါ်မှု တရပ် ဖြစ်လာခဲ့ပါတယ်။

ဒါကာက သူမကို ပြန်လည် လွှဲပြောင်းပေးဖို့ တရားဝင် တောင်းဆိုထားပေမယ့် အိန္ဒိယကတော့ ပြန်လွှဲပြောင်းပေးဖို့ ဆန္ဒမရှိပါ။

အခုလို တရားရုံး စီရင်ချက်ဟာ ၂၀၂၄ ဆန္ဒပြမှုတွေ အတွင်း သေဆုံးသူတွေရဲ့ မိသားစုတွေကို အတန်အသင့် စိတ်သက်သာရာ ရစေပေမယ့် နိုင်ငံရဲ့ နိုင်ငံရေး အကွဲအပြဲကို လျော့ပါး သက်သာ စေမှာ မဟုတ်ကြောင်း ဝေဖန်သူတွေက ပြောပါတယ်။

Ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *