သတင်း

ထိုင်းမှာ မြန်မာအလုပ်သမား ၁ ဦး ဖော့ကြိတ်စက်ထဲ ပြုတ်ကျပြီး ကြိတ်မိကာ သေဆုံး

နို၀င်ဘာ ၂၁ – ၂၀၂၅

ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင် ၊ဘန်းဘင်မြို့ စက်ရုံတရုံမှာ မြန်မာ အလုပ် သမား ၁ ဦး နိုဝင်ဘာ ၁၉ ရက်နေ့ည ၁၀ နာရီလောက်မှာ အလုပ်လုပ် နေစဉ် မတော်တဆ ဖြစ်ကာ ဖော့ကြိတ်စက်ထဲ လူတကိုယ်လုံး ဝင်သွားပြီး ကြိတ်မိကာ သေဆုံး သွားခဲ့တယ်လို့ သိရ ပါတယ်။

သေဆုံးသူနဲ့ ပတ်သက်ပြီး နစ်နာကြေး အတွက် ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးနေတဲ့ WAG အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက “လက်ရှိကတော့ ညှိနှိုင်းနေတုန်းပဲ တိတိကျကျ မသိသေးဘူး။ ဒီနေ့က ညှိနေဆဲဆိုတော့ အဖြေတော့မထွက်သေးဘူး။ ဒီနေ့မှ အဖွဲ့စုံတွေနဲ့ ၀င်ဖို့ ညှိနှိုင်း နေတုန်းပဲရှိသေးတာ” လို့ပြောပါတယ်။

သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ကိုသက်ဇော်ဟာ ပန်းရောင်ကတ် ကိုင်ဆောင် ထားသူဖြစ်ပြီး သူရဲ့ ညီကို မောင်နှမတွေက သေမှုသေခင်းနဲ့ ပတ်သက်ပြီး အကူအညီ တောင်းခံခဲ့ကြောင်း၊ သေဆုံးသူဟာ အဲဒီစက်ရုံ မှာ အလုပ်လုပ်နေတာ ၅ လခန့်ရှိသာ ရှိသေးပြီး ဒီအမှုနဲ့ ပတ်သက်ပြီး WAG အဖွဲ့က စတင် လုပ်ဆောင်ပေးနေကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုင်းသတင်းတွေမှာတော့ အသက် ၂၄ နှစ် အရွယ် မြန်မာအလုပ်သမား (ကိုသက်ဇော်) ဟာ နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ရ တာကြောင့် အိပ်ငိုက်ကာ ကြိတ်စက်ထဲသို့ ပြုတ်ကျ သွားတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေက ကြိတ်စက်ထဲမှ အပိုင်းအစများကို ဖယ်ရှားခဲ့ကြောင်းဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားရာ နေရာက CCTV မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးမှာ ဖြစ်ပြီး ဥပဒေအရ ဆက်လက် ဆောင်ရွက်ကာ လုပ်ဖော် ကိုင်ဖက် တွေကို မေးမြန်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

Photo – WAG / khaosod

Crd – Migrat Times

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *