ပြည်တွင်း

ပြည်သူ့ပါတီ က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကနေ Myanmar National Post သတင်းထောက်ကို ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေ နဲ့ စိစစ် အရေးယူဆောင်ရွက်ဖို့ သတင်းမီဒီယာကောင်စီ ကို တင်ပြ

နိုဝင်ဘာ ၂၆ – ၂၀၂၅

ပြည်သူ့ပါတီ သင်္ယန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် ကနေ Myanmar National Post သတင်းထောက် နောင်တော်လေး ကို ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးခြင်းကို ကာကွယ်တဲ့ ဥပဒေ နဲ့ စိစစ် အရေးယူပေးဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို နိုဝင်ဘာ ၂၁ ရက်နေ့က တင်ပြထားကြောင်း သိရပါတယ်။

သတင်းထောက် နောင်တော်လေး ဟာ ရွေး‌ကောက်ပွဲ ကော်မရှင် UEC ကို နိုင်ဝင်ဘာ ၁၅ ရ်ကနေ့က မေးခွန်း မေးမြန်းရာမှာ မေးခွန်း ပုံစံ မဟုတ်ဘဲ ဦးလွင်မြင့်ကို အကြမ်းဖက် လှုရှားမှု ထောက်ခံ အားပေးသူ အဖြစ် စွပ်စွဲ ပြောဆိုထားတာကြောင့် ဒါဟာ သတင်းသမား ကျင့်ဝတ် ကို ဖောက်ဖျက် ရာ ရောက်တယ်လို့ ဆိုပါတယ်။

နောင်တော်လေး ရဲ့ မေးမြန်းချက်မှာ တွေ့ရတာ ကတော့ ဦးလွင်မြင့်ရဲ့ ဆိုရှယ်မီဒီယာ ပေါ်ကနေ မဲဆွယ်စည်းရုံး ပြောကြားချက်မှာ ဦးလွင်မြင့်ဟာ မျိုးဆက် အလိုက် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အကြောင်း၊ သူ့သားဟာလည်း ၂၀၂၁ တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်ဆိုပြီး ပြောကြား ချက်တွေဟာ အကြမ်းဖက်မှုကို ထောက်ခံအားပေးတာ ဖြစ်လို့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/မရှိ မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

ဦးလွင်မြင့်ကတော့ သူတို့ဟာ မျိုးဆက် အလိုက် နိုင်ငံရေးကို အကြမ်းမဖက်တဲ့ နည်းနဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ အခုလည်း ရွေးကောက်ပွဲ လမ်းစဥ် အပြင် တခြား အကြမ်းဖက်လှုပ်ရှားကို ထောက်ခံအားပေး ပြောဆို စည်းရုံးခဲ့တာ မရှိဘူးဆိုပြီး သတင်းမီဒီယာ ကောင်စီ ကို တင်ပြတဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။

အခုအချိန်အထိ UEC ကရော သတင်းမီဒီယာကပါ ဘယ်လို တုန့်ပြန် တယ်ဆိုတာ ကိုတော့ မသိရသေးပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *