ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Accept NUG ဆိုတဲ့ ပရိုဖိုင်ပုံ တင်ထားခဲ့မှု နဲ့ ရွေးကောက်ပွဲ ကော်မရှင် UEC ထံ မေးမြန်း တိုင်ကြားမှုတွေ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
NUG ပရိုဖိုင်ပုံ တင်တာနဲ့ ပတ်သက်ပြီး UEC ကို မေးမြန်းသူတွေ ကတော့ သူရိယနေဝန်းက သဇင်ဦး၊ Myanmar National Post က နောင်တော်လေး၊ UNION Politics News က ထူးမောင်မောင် နဲ့ Prime Media က ခက်နှင်းဆု တို့ ဖြစ်တယ်လို့ သိရပါတယ်။
အရင်တခေါက်တုန်း ကတော့ ဦးလွင်မြင့်ဟာ ဆိုရှယ်မီဒီယာမှာ မဲဆွယ်စည်းရုံးရာ တော်လှန်ရေး’’ အရေးတော်ပုံ’’ စတဲ့ အသုံး အနှုန်းတွေ ပြောကြားခဲ့လို့ ကိုယ်စားလှယ်လောင်း အရည်အချင်း ရှိမရှိ UEC ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက ဦးမြင့်လွင်ကလည်း အခုလို မေးမြန်းမှုတွေနဲ့ ပတ်သက်ပြီး သူဟာ ငြိမ်းချမ်းတဲ့ နိုင်ငံရေး နည်းလမ်း ကိုသာ အသုံးပြုတဲ့ သူဖြစ်တဲ့အတွက် ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးခြင်း ကာကွယ်တဲ့ ဥပဒေ နဲ့ မေးမြန်းသူကို စိစစ် အရေးယူပေးဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ပြန်လည် စာတင်ခဲ့တာ ဖြစ်ပါတယ်။
—————————
THN Public Media
