War

စစ်ပွဲအတွက် အသင့်လို့ ပူတင်ပြောဆိုချက်ကို ယူကေ တုန့်ပြန်၊ အမေရိကန် ငြိမ်းချမ်းရေး အစီအစဥ်ကို ပူတင် ပယ်ချတယ် ဆိုတာကို ရုရှား ငြင်းဆို

MOSCOW, RUSSIA – DECEMBER 2: (—-EDITORIAL USE ONLY MANDATORY CREDIT – ‘/KREMLIN PRESS OFFICE / HANDOUT – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS, DO NOT OBSCURE LOGO—-) Russian President Vladimir Putin begin a meeting with US special envoy Steve Witkoff and US President Donald Trump’s son-in-law Jared Kushner at the Kremlin, aimed at finding a solution to end the Ukraine war, in Moscow, Russia on December 2, 2025. (Photo by Kremlin Press Office/Anadolu via Getty Ima

ဒီဇင်ဘာ ၃ – ၂၀၂၅

ရုရှားဟာ ဥရောပနဲ့ စစ်တိုက်လိုခြင်း မရှိပေမယ့် လိုအပ်ပါက စစ်ပွဲ အတွက် အဆင်သင့်ပဲလို့ ပူတင်ရဲ့ မနေ့က ပြောဆိုချက်ကို ယူကေ က တုန့်ပြန်ရာမှာ “ဒါဟာ ငြိမ်းချမ်းရေးကို အလေးအနက်မထားတဲ့ သမ္မတဆီ ကနေ ထွက်ပေါ်လာတဲ့ ခရင်မလင်ရဲ့ နောက်ထပ် ပေါတောတော စကားတွေ ပဲ ဖြစ်တယ်” လို့ ပြောကြားသွားပါတယ်။

ယူကေဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ဘရပ်ဆဲလ်မှာတော့ ယူကရိန်းနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ ဗြိတိန်အပါအဝင် နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေ အစည်း အဝေး ကျင်းပနေပါတယ်။

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာတော့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်း ငြိမ်းချမ်းရေး အတွက် အမေရိကန်ရဲ့ အဆိုပြုချက်အားလုံးကို ပယ်ချ ခဲ့တယ် ဆိုတဲ့ ယူဆ ပြောဆိုခြင်းဟာ မှားယွင်းကြောင်း ခရင်မလင်က ပြောကြားလိုက်ပါတယ်။

ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အမေရိကန်ရဲ့ အစီအစဉ် တချို့အပိုင်း တွေကို လက်ခံတယ် လို့ ပြောဆိုခဲ့ပေမယ့် တခြားအပိုင်း တွေကိုတော့ “လက်ခံနိုင်စရာ မရှိ” ဘူးလို့ ပြောပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက် ၂၈ ချက်ကို ဥရောပ နဲ့ ယူကရိန်းတို့က ပြောင်းလဲမှုလုပ်ထား တာကိုလည်း လက်ခံစရာ မရှိဘူးလို့ ရုရှား ဒီနေ့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

Peskov က ခရင်မလင်မှာ ငါးနာရီကြာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ ပါတယ်။

“ဒီဆွေးနွေးပွဲတွေ နဲ့ ပတ်သက်ပြီး အပြင်မှာ တိတ်ဆိတ်လေ၊ ပိုပြီး အကျိုးဖြစ်ထွန်းလေပဲ ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်… ကျွန်တော်တို့ ဒီမူကို စွဲကိုင်ထားမှာဖြစ်ပြီး အမေရိကန်ဘက်က ကိုယ်စားလှယ်တွေ လည်း လိုက်နာမယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

ဥရောပသမဂ္ဂ (EU) အကြီးအကဲ Ursula von der Leyen ကတော့ EU အနေနဲ့ ၂၀၂၇ ခုနှစ် မတိုင်မီ ရုရှားဓာတ်ငွေ့ တင်သွင်းတာတွေ အဆုံးသတ် ဖို့ ယာယီ သဘောတူညီချက် ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *