နိုင်ငံရေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို စစ်ကော်မရှင် ဥက္ကဌ လက်ခံတွေ့ဆုံ၊ ကျားဖျန့် အဆောက်အဦးတွေ ဖြိုချမှု ဆွေးနွေး

ဒီဇင်ဘာ ၇ – ၂၀၂၅

မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြိး Mr. Sihasak Phuangketkeow ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာ စစ်ကော်မရှင် ဥက္ကဌ က နေပြည်တော်မှာ လက်ခဲ့တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ

နှစ်နိုင်ငံနယ်စပ် ဒေသ အွန်လိုင်း လိမ်လည် လောင်းကစား မှုတွေ လုပ်နေတဲ့ KK Park နဲ့ ရွှေကုက္ကိုလ် က အဆောက်အဦးတွေကို ဖြိုချနေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသမှာ လက်နက်ခဲယမ်းများ တရားမဝင် ရောင်းချနေမှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်တွေ ဆက် အ‌ကောင်အထည်ဖေါ်ဖို့၊ နှစ်နိုင်ငံ နယ်စပ် ဒေသ ကုန်သွယ်မှုတွေ ပြန်ကောင်းလာရေး နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ် လို့ MRTV က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လာမယ့် ဒီဇင်ဘာ ဇန်နဝါရီ ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေကို မြန်မာဘက်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင် ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တို့နဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *