ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် တစ်အောင်စကို ဒေါ်လာ ၄၄၀၀ အထက်ကို ရောက်ရှိသွားပြီး ဒေါ်လာ ၄၄၂၆ ဒသမ ၆၆ အထိ စျေး ရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အတွင်း ရွှေဈေးဟာ ၆၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး၊ ဒါဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး တက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်စပိုင်းတုန်းက ရွှေစျေးဟာ တစ်အောင်စကို ဒေါ်လာ ၂၆၀၀ သာ ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို စျေတက်တာဟာ အမေရိကန်ဗဟိုဘဏ် ကနေ လာမယ့် ၂၀၂၆ မှာ အတိုးနှုန်းတွေကို ထပ်မံလျှော့ချမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ကြောင့်လည်း ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ အကောက်ခွန် (Tariffs) တိုးမြှင့်မှု၊ ကုန်သွယ်ရေး စစ်ပွဲတွေနဲ့ အမေရိကန် ဗဟိုဘဏ် အပေါ် ထရမ့်ရဲ့ ဝေဖန်မှုတွေက ရင်းနှီး မြှုပ်နှံသူတွေကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်း စစ်ပွဲတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လည်း ပိုင်ဆိုင် မှုတွေ ဘေးကင်းစေအောင် ရွှေကို ဝယ်ယူ စုဆောင်းလာကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဗဟိုဘဏ်တွေကလည်း ဒေါ်လာအပေါ် မှီခိုတာကို လျှော့ချဖို့ နဲ့ စီးပွားရေး မတည်ငြိမ်မှုကို ကာကွယ်ဖို့ အတွက် ရွှေတွေကို အလုံးအရင်း နဲ့ ဝယ်ယူ စုဆောင်းလာကြတာ ဖြစ်ပါတယ်။
(Silver) ငွေဈေး ကလည်း အခုနှစ် အတွင်း ၁၃၈ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပြီး တစ်အောင်စကို ၆၉ ဒသမ ၄၄ ဒေါ်လာနဲ့ စံချိန်တင်ခဲ့ပါတယ်။
ပလက်တီနမ် ရွှေဖြူ ကတော့ ၁၇ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းကို ရောက်ရှိနေပါတယ်။
အမေရိကန်က ဗင်နီဇွဲလား ရေနံတင် သင်္ဘောများကို ဝိုင်းဝန်း ပိတ်ဆို့ လိုက်ပြီးနောက် ရေနံဈေးနှုန်းတွေလည်း အနည်းငယ် မြင့်တက်လာခဲ့ ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု နဲ့ စီးပွားရေး မရေရာမှု တွေက ကာကွယ်ဖို့ အတွက် ရွှေနှင့် ငွေကို အားကိုးလာကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် သမ္မတ ထရန့်ရဲ့ မူဝါဒတွေ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး ဂယက်တွေကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
getty
—————————
THN Public Media
