နိုင်ငံတကာ

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်အနီး ဒရုန်းတွေနဲ့ အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၃ – ၂၀၂၅

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ် ကနေ ၃ ကီလိုမီတာ လောက် အဝေးမှာ ရှိတဲ့ Grand BS Airport Hotel အခန်းတခုအတွင်း အင်္ဂါနေ့ ဒီကနေ့မှာ မြန်မာနိုင်ငံ သား ၄ ဦးကို ဒရုန်းတွေနဲ့ အတူ ဖမ်းဆီးမိခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ် DJI အမျိုးအစား ဒရုန်း ၁၀ စီး ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ ထိုင်းနိုင်ငံမှာ ဒရုန်းတွေကို လာရောက် ယူဆောင်ဖို့ မြန်မာတဦးက သူတို့ကို ငှားရမ်းခဲ့တာလို့ ဆိုပါတယ်။

ဒီဒရုန်းတွေကို မြန်မာနိုင်ငံက လူတဦးဆီ ပို့ဆောင်ရမှာ ဖြစ်ပြီး အဲဒီက တဆင့် မြန်မာစစ်တပ်ထံ ပြန်လည်ရောင်းချဖို့ ရည်ရွယ်ထားကြောင်း ထွက်ဆိုထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေဆိပ်အနီး ဒရုန်းတွေ ပျံသန်း နေကြောင်း သတင်းတွေ ထွက်ခဲ့ပြီးနောက် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က ဒရုန်း ကျူးကျော်မှုများကို ကာကွယ်ဖို့ အရေးပေါ်အစီအမံတွေကို တနင်္လာနေ့မှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အဲဒီ ဟိုတယ်အခန်းကနေ ဒရုန်းတွေကို ထိန်းချုပ် မောင်းနှင် တာ ဖြစ်နိုင်တယ်လို့ ယူဆကာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ၄ ဦးစလုံးရဲ့ ဗီဇာတွေကို ပယ်ဖျက်လိုက်ပြီဖြစ်ကာ၊ လူဝင်မှု ကြီးကြပ်ရေး ဌာနက အသေးစိတ် ထပ်မံ စစ်ဆေးမေးမြန်းဖို့ အတွက် သူတို့ကို ထိန်းသိမ်းထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *