နိုင်ငံရေး

NLD ပါတီဝင် အယောက် ၂၀ ကို ထုတ်ပယ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်

ဒီဇင်ဘာ ၂၅ – ၂၀၂၅

စစ်ကော်မရှင်က ကျင်းပမယ့် အတုအယောက် ရွေးကောက်ပွဲကို အားပေးကူညီနေတဲ့ အတွက် ရန်ကုန် ပဲခူး မွန် နဲ့ ကရင် ဒေသတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် စုစုပေါင်း အယောက် ၂၀ ကို ထုတ်ပယ်လိုက်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

အာဏာလုထားတဲ့ စစ်ကော်မရှင် ဟာ နိုင်ငံရေးတရားဝင်မှု ရရှိစေဖို့ အခု ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး NLD ကြားကာလ ဗဟိုကော်မတီ အစည်းအဝေး ကနေ ဒီရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ ထုတ်ပြန် တားမြစ်ထားပြီး ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *