အမေရိကန်ကနေ ဗင်နီဇွဲလားနိုင်ငံကို အကြီးအကျယ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ သမ္မတ နီကိုးလပ်စ် မာဒူရိုနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth Social အကောင့်မှာ
‘’အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ အဲဒီနိုင်ငံရဲ့ ခေါင်းဆောင် သမ္မတ မာဒူရိုအပေါ် အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်မှုတခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ…
သမ္မတ မာဒူရိုနဲ့ သူ့ရဲ့ ဇနီးကိုလည်း ဖမ်းဆီးရမိထားပြီး ဗင်နီဇွဲလား နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင် လာခဲ့ပြီး ဖြစ်ပါတယ်…
ဒီစစ်ဆင်ရေးဟာ အမေရိကန် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင် ခဲ့တာ ဖြစ်တယ်…
အသေးစိတ် အချက်အလက်တွေကိုတော့ ဒီနေ့ မနက် ၁၁ နာရီမှာ ဖလော်ရီဒါပြည်နယ်၊ မာရာလာဂို (Mar-a-Lago) အပန်းဖြေ စခန်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ထပ်မံ ပြောပြသွားမယ်…
ဒီကိစ္စကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်…’’ လို့ ရေးသားဖေါ်ပြထားပါတယ်။
—————————
THN Public Media
