ဗင်နီဇွဲလား #ပြည်ထဲရေးဝန်ကြီး ဒီယိုစဒါဒို ကာဘယ်လို ကတော့ ပြည်သူတွေ အနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့နဲ့ နိုင်ငံရဲ့ ခေါင်းဆောင်မှုနဲ့ စစ်တပ် အပေါ် ယုံကြည်ကြဖို့ တိုက်တွန်းထားပြီး၊ ဒီတိုက်ခိုက်မှု အပေါ် ကမ္ဘာကြီးက ဝိုင်းဝန်းကန့်ကွက် စကားပြောပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
#ကိုလံဘီယာသမ္မတ ဂူတာဗို ပတ်ထရို ကတော့ ဗင်နီဇွဲလား နယ်စပ်ကို စစ်တပ်တွေ စေလွှတ်လိုက်ပြီ ဖြစ်သလို၊ အမေရိကန်နိုင်ငံများအဖွဲ့ (OAS) နဲ့ ကုလသမဂ္ဂ (UN) တို့ အရေးပေါ် အမြန်ဆုံး အစည်းအဝေးခေါ်ယူဖို့ တောင်းဆို လိုက်ပါတယ်။
#ချီလီသမ္မတ ဂေဘရီရယ် ဘောရစ် ကလည်း အခုလို အမေရိကန်ရဲ့ စစ်ရေး အရ အရေးယူဆောင်ရွက်မှုတွေ အပေါ် အထူးစိုးရိမ်မိသလို၊ ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။
#ကျူးဘားသမ္မတ မီဂေးလ် ဒီယက်ဇ်-ကာနဲလ် ကတော့ အမေရိကန်ရဲ့ ဗင်နီဇွဲလား အပေါ် ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှု ကို နိုင်ငံတကာ အသိုက်အဝန်းက အရေးတကြီး တုံ့ပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဗင်နီဇွဲလားနဲ့ နယ်စပ် အငြင်းပွားမှုရှိနေတဲ့ #ဂိုင်ယာနာနိုင်ငံရဲ့ သမ္မတ အာဖန်အလီ ကတော့ အခြေအနေကို စောင့်ကြည့်နေပြီး သူတို့ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို အသင့်အနေအထား ပြင်ဆင်ထားပြီးပြီလို့ ဆိုပါတယ်။
#ထရီနီဒက်နဲ့#တိုဘာဂို နိုင်ငံရဲ့ ဝန်ကြီးချုပ် ကမ်လာ ပါဆတ်-ဘစ်ဆက်ဆာ ကတော့ သူတို့နိုင်ငံ အနေနဲ့ ဗင်နီဇွဲလားပြည်သူတွေနဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံ ရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
—————————
THN Public Media
