နိုင်ငံရေး

BNRA ကို တိုက်ခိုက်ဖို့ မရှိကြောင်း တရားမဝင် ဂိတ်တွေကိုသာ ပိတ်သိမ်းတာဖြစ်ကြောင်း NUG ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောကြား၊ ဗိုလ်နဂါး တုန့်ပြန်ထား

ဇန်နဝါရီ ၁၀ – ၂၀၂၅

ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ကို NUG က တိုက်ခိုက်ဖို့ လုပ်ခဲ့တယ်လို့ BNRA ရဲ့ ထုတ်ပြန် ပြောဆိုမှုတွေ အပေါ် NUG ပြောခွင့်ရ ဦးနေဘုန်းလတ် က တော်လှန်ရေး အဖွဲ့အချင်းချင်း တိုက်ခိုက်ဖို့ မူ၊ ရည်ရွယ်ချက်နဲ့ ညွှန်ကြားထားတာမျိုး မရှိကြောင်း သတင်းဌာနတွေကို ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လည်း တရားမဝင် ဂိတ်တွေကိုသာ ပိတ်သိမ်း တာသာ ရှိခဲ့တယ်လို့ ဦးနေဘုန်းလတ် က ပြောကြား ပါတယ်။

ဒါကလည်း မြေပြင်မှာ တရားဥပဒေစိုးမိုးရေး အုပ်ချုပ်ရေး နဲ့ ပြည်သူ့ဝန်ဆောင်ရေး အတွက် အနှောင့်အယှက် ဖြစ်စေရင်တော့ အရေးယူ ဆောင်ရွက်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဗိုလ်နဂါးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားရာမှာတော့ တရားမဝင် ဂိတ်ကြေးကောက်တာနဲ့ ပတ်သက်ပြီး NUG မဖွဲ့ခင် ကတည်းက အဲဒီဒေသဘက်မှာ အလုပ်လုပ်ခဲ့တာ BNRA ပဲ ဖြစ်ကြောင်းနဲ့ NUG ကပဲ အားလုံးပိုင်ရမယ် ဆိုရင်တော့ အာဏာရှင် ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

တရားဥပဒေစိုးမိုးရေး နဲ့ ပတ်သက်ပြီးလည်း ယင်းမာပင်ခရိုင်ထဲမှာ တရားမျှတမှုရဖို့ ပြည်သူက ဆန္ဒပြတောင်းဆိုထားတဲ့ ဥပဒေမဲ့ အမှုတွေ ဝိုင်းပြီးဖော်ထုတ်ဖို့ ဆိုပြီး ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *