ဇန်နဝါရီ ၁၁ – ၂၀၂၆ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဆားဂွန်းရွာမှာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားပြီး လမ်းတွေပိတ်ခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။ မနက်အစော ၅ နာရီလောက်မှာ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ ဆားဂွန်း စစ်ဆေးရေးဂိတ်ကို PDF တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပဲဲဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ တိုက်ပွဲက တနာရီကျော် လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ “မနက် ၅ နာရီကနေ ပစ်တာ ၆ နာရီ ၁၅ လောက်မှာ ပြီးသွားပါတယ် ။ ဆားဂွန်းဂိတ်ကို ဝင်ပစ်တာပါ။ ရှင်းလင်းပြီးသွားပြီ။ အခုတပ်က ပြန်စိုးမိုးထားပါတယ် ။” လို့ ဖြူးဒေသခံက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကာလ အတွင်း ဆားဂွန်းရွာဒေသခံတွေအနေနဲ့လည်း စစ်ရှောင်ခဲ့ကြရသလို ရန်ကုန် – မန္တလေးလမ်းဟောင်းလည်း ပိတ်သွားပြီး ကားတွေ ပိတ်မိခဲ့ပေမယ့် လက်ရှိတော့ လမ်းပြန်ပွင့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ” မနက်၅ နာရီလောက်ကတည်းက ပစ်ခတ်နေတာ ကြားရတယ်။ အိမ်တောင်တုန်တယ်။ လက်နက်ကြီးတွေ လည်းပစ်လို့လေ။ အခုတော့ အသံတွေ ငြိမ်သွားတယ်။ ငြိမ်သွားပေမယ့် အဲဒီဘက် မသွားရဲသေးဘူး ။ ” လို့ မြို့ခံတယောက်က ပြောပါတယ်။ ဆားဂွန်းရွာ နဲ့ ဖြူးမြို့နယ်ဟာ ၁ မိုင်ကျော် ၂ မိုင်လောက်သာ ကွာဝေးမှုရှိတယ်လို့ သိရပါတယ်။ Crd – VOM —————————THN Public Media
Uncategorized
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် ဖြူးမြို့နယ် ဆားဂွန်းရွာမှာ တိုက်ပွဲ တနာရီကျော်ဖြစ်ပွားပြီး လမ်းတွေပိတ်
- by AR-T
- January 11, 2026
- 0 Comments
- Less than a minute
- 33 Views
- 5 months ago
