ဖေဖေါ်ဝါရီ ၃ – ၂၀၂၆
အသွင်ကူးပြောင်းရေး အခြေခံဥပဒေ ပေါ်ပေါက်လာပြီး လက်တွေ့ ကျင့်သုံးဖို့ အခြေအနေ ရောက်လာပြီဆိုရင် NUG NUCC ကို ဖျက်သိမ်း မှာ ဖြစ်တယ်လို့ NUCC ပြောခွင့်ရ ဦးတိုးကျော်လှိုင် က ဒီကနေ့ ထုတ်ပြန် တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ဒါဟာလည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် (ချာတာ) အစိတ်အပိုင်း ၂ မှာ ဖေါ်ပြပြီးသား ဖြစ်ကာ အဲဒီအချိန်ကျရင် ပဋိညာဥ် လည်း ပျက်ပြယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ချာတာ မှာ ဖေါ်ပြထားတဲ့ လမ်းပြမြေပုံအရ နံပါတ် ၈ အရ အသွင်ကူးပြောင်းရေး အခြေခံဥပဒေ ရေးဆိုပြီးနောက် နံပါတ် ၉ အရ အသွင်ကူးပြောင်းရေးကာလ အစိုးရ ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။
ဒါဟာလည်း စစ်အာဏာရှင်စနစ် ဖြိုချပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ် အဖြစ် ဖေါ်ပြထားပါတယ်။
NUCC ရဲ့ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဒီကနေ့ ညနေ ၄ နာရီမှာ ဖေ့စ်ဘွတ်ကနေ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
NUCC – အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ
NUG – အမျိုးသားညီညွတ်ရေး အစိုးရ
—————————
THN Public Media
