ဖေဖေါ်ဝါရီ ၄ – ၂၀၂၆
ပြီးခဲ့တဲ့ ၂၀၂၅ မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ အနေနဲ့ NUCC မှာ ပါဝင်မှုကနေ ယာယီရပ်ဆိုင်းထားတာ ဟာ သူတို့ အဖွဲ့အစည်းအတွင်း တာဝန်တွေ များနေတာကြောင့် ဖြစ်တယ်လို့ NUCC သတင်းစာရှင်းလင်း ပွဲမှာ ပြောခွင့်ရ ဦးခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။
NUCC မှာ ဖြစ်ရှိနေတဲ့ အခြေအနေတွေကြောင့် မဟုတ်ဘဲ မိမိတို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေ အရ ပါဝင်မှု ကနေ ယာယီ ရပ်ဆိုင်းတာ ဖြစ်တယ်လို့လည်း ဦးခွန်မြင့်ထွန်း က ပြောပါတယ်။
ဒါတွေက တရားဝင် ပြောကြားချက်တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါပေမယ့်လည်း KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကတော့ ဆွေးနွေးမှုတွေ နိုင်ငံရေး ဆုံးဖြတ်ချက် ချတာတွေမှာ bottom-up ဖက်ဒရယ် လိုအပ်ချက်တွေကြောင့်လို့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
KNPP ယာယီရပ်နားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မှာ ဦးအောင်ဆန်းမြင့် ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
NUCC ထဲမှာ ဆွေးနွေးတာရှိသလို NUCC နဲ့ ဆက်နွယ်ပြီး လုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဥ်တွေဖြစ်တဲ့ TCWJ ၊ NUG-NUCC၊ AFTA စတဲ့ ပလက်ဖေါင်းတွေမှာ bottom-up ချဥ်းကပ်မှု နဲနဲလွဲနေ သလားဆိုပြီး ဦးအောင်ဆန်းမြင့် က မေးခွန်းထုတ်ခဲ့သလို bottom-up ဖက်ဒရယ် လစ်ဇင် ဖြစ်ရေး ပြောင်းလဲဖို့ လိုတယ်လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး တပ်ပေါင်းစု အသွင်ရှိတဲ့ NUCC ကနေ အဖွဲ့ ၈ ဖွဲ့လောက် ဟာ ထွက်သွားတာ ယာယီရပ်နားတာတွေ ရှိနေပါတယ်။
တဘက်မှာလည်း နောက်ထပ် ၁၇ ဖွဲ့က NUCC မှာ ပါဝင်ဖို့ လျှောက်ထားတာ ရှိတယ်လို့ NUCC ပြောပါတယ်။
—————————
THN Public Media
