နိုင်ငံရေး

MNDAA ဖမ်းဆီးသွားတဲ့ ဒေသခံ ၉ ဦး ကို ပြန်လွှတ်ပေးဖို့ သျှမ်းကျောင်းသားသမဂ္ဂ တောင်းဆို

ဖေဖေါ်ဝါရီ ၄ – ၂၀၂၆

MNDAA ကိုးကန့် တပ်ဖွဲ့ ရွှေတူးမှာကို ကန့်ကွက် ဆန္ဒပြတဲ့ လားရိူးမြို့နယ် နမ့်ပေါင် ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာ က MNDAA ဖမ်းဆီးသွား ဒေသခံပြည်သူတွေထဲက ၉ ဦးကို ပြန်မလွှတ်သေးတဲ့ အတွက် သျှမ်းကျောင်းသားသမဂ္ဂ (Tai Students’ Union) က အမြန်ပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက်အပြည့်အစုံ

———————-

MNDAA တပ်ဖွဲ့မှ မတရားဖမ်းဆီးသွားသော ဒေသခံပြည်သူ ၉ဦးအားအမြန်ပြန်လွတ်ပေးပါ။

ရှမ်းပြည်မြောက်ပိုင်း လားရိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာတွင် MNDAA တပ်ဖွဲ့ကမှ ၎င်းတို့ရွှေတူးရန်ကန့်ကွက်ဆန္ဒပြသည့် ဒေသခံပြည်သူများကို ဖမ်းဆီးထားကာ ရိုက်နှက်နှိပ်စက်လျက် ရှိကြောင်း သိရသည်။

၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် MNDAA တပ်ဖွဲ့မှ ဝမ်စယ်ကျေးရွာဒေသခံပြည် သူများ၏ လယ်ယာမြေများပေါ်တွင် ပိုင်ရှင်များကိုအသိမပေးဘဲ တရုတ်လုပ်ငန်းရှင်တွေကို ရွှေတူးရန် ခေါ်ဆောင်လာခဲ့ပါသည်။

ထို့အပြင်လဝမ်စယ်ကျေးရွာ၏ ချောင်းပေါ်တွင် ဒေသခံများကသွားရေးလာရေး လွယ်ကူစေရန် ဒေသခံများက တံတားထိုးဖို့ပြင်ဆင်နေမှုကို MNDAA တပ်ဖွဲ့ဝင်များမှ ရွှေလာတူးမည့် ရွှေဖောင်တွေ ဖြတ်မရမှာစိုးသည်ဟု ဆိုကာ တားဆီးခဲ့ပါသည်။

ထို့ကြောင့် ဒေသခံပြည်သူရာချီမှ MNDAA တပ်ဖွဲ့ကို သွားပြီးဆန္ဒပြကြရာ ဒေသခံရွာသားများနှင့် MNDAA တပ်သားများ ပဋိပက္ခဖြစ်ပြီးရွာသား ၃၆ ဦးကို သိန္နီမှာရှိတဲ့ MNDAA တပ်စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။

ထို့အပြင် အဆိုပါ MNDAA တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူမှ ကားပေါ်တွင် စက်သေနတ် တပ်ပြီး ကျေးရွာထဲတွင် ရမ်းသမ်းပစ်ခတ်မှုများလဲပြုလုပ်ခဲ့ပါသည်။

လက်ရှိတွင် ကျေးရွာအတွင်း၌ ကျေးရွာဥက္ကဌနေအိမ်နှင့် ရပ်မိရပ်ဖ နေအိမ်များကို လက်နက်တွေနှင့် ဝိုင်းဝန်း ပိတ်ဆို့ထားရွာသားများကို Social Media ပေါ်သတင်းမတင်ရန် ရွာသားများထဲမှက video ပုံရိုက်တင်သူများကိုဖမ်းဆီးကန် ဖိအားပေးလျက်ရှိပါသည်။

ယမန်နေ့တွင် ဖမ်းဆီးသွားသောရွာသားများထဲက ၂၇ ဦးကိုပြန်လွတ်ပေးလိုက်ပြီး ၉ ဦးကို ဆက်လက် ဖမ်းဆီးထားကာရိုက်နှက်နှိပ်စက် လျက်ရှိရာ ၃ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု သိရ ပါသည်။

မိမိတို့ သျှမ်းကျောင်းသားသမဂ္ဂ အနေဖြင့် ဒေသခံပြည်သူများ၏ လယ်ယာမြေများကို အဓမ္မသိမ်းယူ ကာ ရွှေတူးရန်လုပ်ခြင်း ၊အပြစ်မဲ့ပြည်သူများကိုဖမ်းဆီးခြင်းကို ပြင်းထန်စွာကန့်ကွက်ပါသည်။

မတရား ဖမ်းဆီးခံရွာသားများကို အမြန်ဆုံးပြန်လွတ်ပေးရန်နှင့် ရွာသားများ၏ အသက်အန္တရာယ်ကို အာမခံပေးရန် MNDAA ကိုတောင်းဆိုပါသည်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *