ဖေဖေါ်ဝါရီ ၄ – ၂၀၂၆
Revolutionary Summit တော်လှန်ရေးဦးဆောင် ညီလာခံ တခု ကျင်းပဖို့ NUG စဥ်းစားနေကြောင်း အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
အဲဒီညီလာခံကနေ Supreme Federal Council (SFC) လို အဖွဲ့မျိုး ဖွဲ့ဖို့ စဥ်စား နေကြောင်း NUCC ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ တင်ပြ ထားတာ ရှိတယ်လို့ NUCC သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဦးတိုးကျော်လှိုင် က သတင်းထောက်ရဲ့ အမေးကို ဖြေကြားသွားခဲ့ပါတယ်။
ဒီအစီအစဥ်ကို အကောင်အထည်ဖေါ်မယ်ဆိုရင် NUG တဖွဲ့တည်း မဟုတ်ဘဲ NUCC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း နောက်ပိုင်းမှာ တိုင်းရင်းသားတွေ ဘက်က (counter proposal) အဆိုပြုချက် တခု ရှိနေတဲ့ အတွက် ညှိနှိုင်းနေတယ်ဆိုတာ သိရကြောင်း ပြောကြားသွားခဲ့ပါတယ်။
—————————
THN Public Media
