ဖေဖေါ်ဝါရီ ၄ – ၂၀၂၆
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ အနေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ဦးနဲ့ တိုင်း/ပြည်နယ် အတွက် ကိုယ်စားလှယ် ၂၅ ဦး စုစုပေါင်း ၃၀ ကိုယ်စားပြုခွင့်ရကြောင်း သိရပါတယ်။
နိုင်သူအကုန်ယူ FPTP အနေနဲ့ ကတော့ မြိတ်မြို့နယ်ကနေ တိုင်းဒေသကြီး အတွက် တဦး သာ အနိုင်ရခဲ့ပြီး အမျိုးသားလွှတ်တော်နဲ့ တခြား တိုင်း/ပြည်နယ် နေရာတွေ အတွက် အချိုးကျကိုယ်စားပြု PR အနေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဦးကိုကိုကြီး ကိုယ်တိုင်ကတော့ ရန်ကုန် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် အတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့ပါတယ်။
‘’ကိုယ်စားလှယ်လောင်းအားလုံး၊ ပြည်သူပါတီဝင်အားလုံး၊ အားပေးဝန်းရံ ကူညီခဲ့ကြသူ အားလုံးတို့အား လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုအပ် ပါသည်’’ လို့ ပြည်သူ့ပါတီ ဖေ့စ်ဘွတ်မှာ ဖေါ်ပြထားပါတယ်။
စစ်ကော်မရှင် ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ကနေ ရွေးကောက်ပွဲ အနိုင်ရ စာရင်းတွေကို မနေ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့က အပြီးသတ် ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။
NLD ပါဝင်ခြင်း မရှိတဲ့ ဒီရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီ က အမတ်နေရာ အများစု နဲ့ အနိုင်ရရှိသွားပါတယ်။
ပြည်ခိုင်ဖြိုး ပါတီ ဟာ ပြည်သူ့လွှတ်တော်အတွက် ၂၃၁ နေရာ နဲ့ အမျိုးသား လွှတ်တော်အတွက် ၁၀၈ နေရာ အနိုင်ရရှိခဲ့ပါတယ်။
—————————
THN Public Media
