နိုင်ငံရေး

ဒေါ်ကြည်ပြာ အဂတိလိုက်စားခြင်းမရှိ၊ ဝန်ထမ်းတွေအပေါ် ပြောဆိုမှုအတွက်သာ ပြင်းထန်စွာ သတိပေး

ဖေဖေါ်ဝါရီ ၁၈ – ၂၀၂၆

NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းတို့အား ဝန်ထမ်း ၁၂ ဦးက တိုင်ကြားထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဒေါ်ကြည်ပြာ ဟာ အဂတိလိုက်စားမှုမရှိကြောင်းနဲ့ ဝန်ထမ်းတွေ အပေါ် ချိုသာစွာ မပြောတဲ့ အပေါ် သာ ပြင်းထန်စွာ သတိပေးကြောင်း အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို NUG ဝန်ကြီးချုပ်ရုံး က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေဘက်က သက်သေ ပြနိုင်ခြင်း မရှိကြောင်းနဲ့ ဒေါ်ကြည်ပြာတို့ဘက်က စာရင်းဇယား တင်ပြခဲ့ ကြောင်း၊ NUG စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ နဲ့ ပြင်ပြစာရင်းစစ် တင်ပြချက်တွေ အရ အဂတိ လိုက်စားမှု မတွေ့ ရဘူးလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ အရ ဒေါ်ကြည်ပြာကို တရားစွဲဆို အရေးယူဖို့ မရှိသလို ရာထူးက ထုတ်ပယ်နိုင်တဲ့ အချက်အလက်တွေ မတွေ့ရကြောင်း ဖေါ်ပြထားပါတယ်။

တိုင်ကြားသူတွေကတော့ ဒါဟာ အပေါ်ယံဆန်ပြီး အမှန်တရားနဲ့ ထင်ဟပ်ခြင်းမရှိကြောင်းနဲ့ သက်သေအထောက်အထားတွေကို ပြည်သူ့ထံ မချွင်းမချန် တင်ပြကာ ဆက်လက်တိုက်ပွဲဝင်သွားတော့မှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

—————-

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *