ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆
ဒေါ်ကြည်ပြာနဲ့ ခင်ပွန်း ဖြစ်သူတို့အပေါ် တိုင်ကြားချက်နဲ့ ပတ်သက်ပြီး NUG အနေနဲ့ အစီရင်ခံစာ တွေ့ရှိချက်တွေကို လူထုကို ချပြဖို့ ‘’လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း’’ က ဒီကနေ့ ကြေညာချက် ထုတ်ပြီး အလေးအနက် တောင်းဆိုလိုက်ပါတယ်။
မနေ့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ NUG စုံစမ်းရေး ကော်မရှင်ကနေ ဒေါ်ကြည်ပြာ အမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု မရှိကြောင်းနဲ့ ဒေါ်ကြည်ပြာ ဝန်ထမ်းတွေအပေါ် ပြောဆိုမှု အတွက် ‘’ပြင်းထန်စွာ အသိပေးချက်’’ ခေါင်းစဥ်နဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အဲဒီ ထုတ်ပြန်ချက် ဟာ မရှင်းလင်းမှုတွေ ပိုမို ဖြစ်ပေါ်စေတယ်လို့ CDM အဖွဲ့ရဲ့ အချက် ၃ ချက်ပါ တောင်းဆိုမှုမှာ ဖေါ်ပြထားပါတယ်။
NUG စုံစမ်းရေး အဖွဲ့ရဲ့ အစီရင်ခံစာကို တိုင်ကြားသူတွေတောင် မသိရှိ ရသေးကြောင်း လည်း ထုတ်ပြန်ထားပါတယ်။
—————-
THN Public Media
