ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆
မကြာသေးခင်က ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ထိုင်းနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံခဲ့တာ နဲ့ ပတ်သက်ပြီး အသိအမှတ် ပြုကြောင်း NUCC က ထုတ်ပြန်လိုက်ပေမယ့် အာဆီယံ အပေါ် ယုံကြည်မှု ဟာ တသမတ်တည်းဖြစ်တဲ့ အပေါ် မူတည်နေကြောင်း အလေးထား ဖေါ်ပြထားပါတယ်။
မကြာသေးခင်က မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲ အပေါ် အာဆီယံ က အသိအမှတ် မပြုဖို့ မူဝါဒ ရပ်တည်ချက်ကို ချမှတ်ထားပြီး ဖြစ်ကြောင်း လည်း NUCC ထောက်ပြထားပါတယ်။
NUCC အနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ သုံးဦးအဖွဲ့ (Troika) အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ထပ်လောင်း ဖေါ်ပြထားပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ့ အရေးကြောင့် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုတွေ၊ နယ်စပ်ဖြတ်ကျော် ရှုပ်ထွေးမှုတွေနဲ့ လုံခြုံရေးဆိုင်ရာ ရိုက်ခတ်မှု တွေကို တိုက်ရိုက် ရင်ဆိုင်နေရတာ ဖြစ်ပြီး ဒီအခြေအနေ တွေ လျော့ကျဖို့နဲ့ ERO တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုကို မြှင့်တင်ရေး ရည်ရွယ်တဲ့ ကနဦး ဆောင်ရွက်ချက်တွေကို NUCC က ကြိုဆိုကြောင်းလည်း ဖေါ်ပြ ပါရှိပါတယ်။
—————-
THN Public Media

