နိုင်ငံရေး

BNRA ကို အရေးယူတာဟာ တော်လှန်ရေးဆူးညှောင့်တခု ဖြစ်လို့ စစ်အင်အားသုံးရတာလို့ NUG MOD ထုတ်ပြန်

ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆

BNRA အဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်ရာမှာ သာမန် ဥပဒေ အရ လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့တာကြောင့် တော်လှန်ရေးဆူးညှောင့်တခု ကို ဖယ်ရှား ရှင်းလင်းဖို့ စစ်အင်အားသုံးပြီး မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရတာလို့ NUG MOD က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

BNRA အဖွဲ့ကဟာ မုဒိန်းမှု လူသတ်မှု အလောင်းဖျောက်မှု အခွန်ဂိတ် ဖွင့်လှစ်မှု NUG MOD ဂိတ်စခန်းတွေကို စီးနင်း ပစ်ခတ်မှု၊ စစ်ကော်မရှင် တပ်နဲ့ ဆက်သွယ်မှု စတာတွေကို ကျူးလွန်ခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။

ဒါပေမယ့်လည်း NUG MOD အနေနဲ့ ယင်းမာပင်ဒေသ ပုလဲမောင် သတ်ဖြတ်ခံရမှု အပါအဝင် ပသုံးလုံးတွေရဲ့ ကျူးလွန်မှုတွေ အတွက် ကာလ ကြာရှည် ထိရောက်တဲ့ အရေးယူမှုတွေ မရှိသေးတဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

—————-

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *