မတ်လ ၁ – ၂၀၂၆
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA တို့ မနေ့က အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲမှာ SRA ရဲ့ စုဖွဲ့မှု ရည်ရွယ်ချက်တွေ၊ လက်ရှိလုပ်ဆောင်နေမှု တွေ နဲ့ NUCC ရဲ့ ဦးစားပေးလုပ်ငန်းစဉ် တွေ အပါအဝင် ဦးဆောင်မှု ဆိုင်ရာ အခြေ အနေ တွေကို အပြန်အလှန် မျှတွေခဲ့ကြတယ်လို့ ဆိုပါတယ်။
NUCC နဲ့ SRA တို့ နောက်ထပ် ဆက်လက်တွေ့ဆုံဖို့ နဲ့ အသေးစိတ် ဆွေးနွေးမယ့် အကြောင်းအရာ တွေကို အပြန်အလှန် ညှိနှိုင်းခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
