နိုင်ငံတကာ

အီရန်အမြင့်ဆုံး ခေါင်းဆောင်သစ် အဖြစ် Mojtaba Khamenei ကိုခန့်အပ်

Mojtaba Khamenei (C), the son of the Iranian Supreme Leader Ayatollah Ali Khamenei, participates in the annual Quds Day rally in Tehran, Iran, on May 31, 2019. (Photo by Rouzbeh Fouladi / Middle East Images / AFP via Getty Images

မတ်လ ၄ – ၂၀၂၆

အီရန်အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီ သေဆုံးပြီး နောက် သူ့ရဲ့ သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီ Mojtaba Khamenei ကို ခေါင်းဆောင်သစ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အီရန် မီဒီယာတွေမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အလီ ခါမေနီ ရဲ့ ဒုတိယမြောက် အကြီးဆုံးသားဖြစ်သူ မိုဂျ်တာဘာ ခါမေနီ ကို အီရန်နိုင်ငံရဲ့ နောက်ထပ် အမြင့်ဆုံးခေါင်းဆောင်အဖြစ် အီရန် ပညာရှင် များ အဖွဲ့ Assembly of Experts က ရွေးချယ် တင်မြှောက်လိုက်ကြောင်း Iran International သတင်းဌာ နအရ သိရ ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အလီ ခါမေနီ သေဆုံးခဲ့ပြီး နောက် သူ့နေရာ ဆက်ခံမယ့်သူ တဦးကို ခန့်အပ်ဖို့ အီရန်တော်လှန်ရေးအစောင့်တပ် IRGC က Assembly of Experts အဖွဲ့အပေါ် ဖိအားပေးခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဖော်ပြချက်အရ အစ္စရေး တာဝန်ရှိသူတွေကလည်း မိုဂျ်တာဘာ ဟာ ဖခင် အရိုက်အရာကို နင်းကာ ရာထူး ဆက်ခံလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ ကြတာ ဖြစ်ကြောင်း အစ္စရေး မီဒီယာ Ynetnews ကဖေါ်ပြပါတယ်။

အခုလို IRGC တပ်ကနေ ခါမေနီရဲ့သားကို အမြန်ဆုံး အာဏာလွှဲ ပေးလိုက်တာဟာ စစ်ပွဲအတွင်း ခေါင်းဆောင်ပိုင်း လစ်ဟင်းမသွားစေဖို့နဲ့ အစိုးရပြုတ် မကျအောင် ထိန်းသိမ်းဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

ဒါဟာ အီရန်နိုင်ငံရေးမှာ သားစဉ်မြေးဆက် အုပ်ချုပ်တဲ့ စနစ်ကို ပိုပြီး ခိုင်မာသွားစေနိုင်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *