မတ်လ ၇ – ၂၀၂၆
အီရန်အနေနဲ့ ‘’ခြွင်းချက်မရှိ လက်နက်ချခြင်း’’ ကလွဲလို့ တခြား ဘယ်လို သဘောတူညီမှု မျိုးမှ ရှိမှာမဟုတ်ဘူး” အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က မနေ့က ပြောကြားလိုက်ပါတယ်။
သူ့ရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Truth Social ပေါ်မှာ ရေးသားထားတာ ဖြစ်ပြီး “အဲဒီနောက်မှာတော့ ကောင်းမွန်ပြီး လက်ခံနိုင်ဖွယ်ဖြစ်တဲ့ ခေါင်းဆောင် (တွေ) ကို ရွေးချယ်ပြီးရင် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ ရဲရင့်လှတဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေဟာ အီရန်နိုင်ငံကို ပျက်စီးခြင်း ကနေ ပြန်လည် ဆွဲတင်နိုင်ဖို့ မနားမနေ ကြိုးစား ပေးသွားမှာဖြစ်ပါတယ်” လို့ ထပ်လောင်း ပြောကြားထားပါတယ်။
“အီရန်ကို အရင်ကထက် ပိုမိုကြီးကျယ်ပြီး ပိုမို ကောင်းမွန်ကာ စီးပွားရေး အရ ပိုမို တောင့်တင်းတဲ့ နိုင်ငံဖြစ်လာအောင် လုပ်ဆောင်ပေးသွားမှာပါ” လို့လည်း ဆိုပါတယ်။
“အီရန်ဟာ ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်တခုကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ‘’အီရန်ကို တစ်ကျော့ပြန် ကြီးကျယ်စေရမယ် (MIGA!)” လို့ ထရမ့်က ရေးသားခဲ့ ပါတယ်။
–
အမေရိကန် စစ်တပ်ရဲ့ Plan A ရှုံးနိမ့်သွားပြီလို့ အီရန်ပြော
——————————
အမေရိကန် စစ်တပ်ကနေ အီရန် အပေါ် အလျင်အမြန် အောင်ပွဲခံမယ့် Plan A ဆိုတာ မအောင်မြင်တော့ဘဲ ရှုံးနိမ့် သွားပြီလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး Abbas Araghchi က X ဆိုရှယ်မီဒီယာမှာ ဖေါ်ပြလိုက်ပါတယ်။
“သမ္မတကြီး.. အလျင်အမြန် အောင်ပွဲခံမယ့် Plan A ရှုံးနိမ့်သွားပါပြီ၊ ခင်ဗျားရဲ့ Plan B က ပိုပြီးတောင် ကျရှုံးပါလိမ့်မယ်” လို့ Abbas Araghchi က ထပ်လောင် ဖေါ်ပြထားပါတယ်။
အဲဒီလို မရေးသားခင် အီရန်-အမေရိကန် ဆွေးနွေးမှုက ရရှိခဲ့တဲ့ ကြီးမားတဲ့ တိုးတက်မှုကို အမေရိကန်က ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ သဘောတူညီချက် ရရှိမယ့် အခွင့်အရေး ပျက်သုဉ်းသွားပြီ ဖြစ်ကြောင်း လည်း Abbas Araghchi က က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ပို့စ်မှာတော့ အီရန်နဲ့ အခု အမေရိကန်အစိုးရဟာ နှစ်ကြိမ် ဆွေးနွေးခဲ့ကြောင်း၊ နှစ်ကြိမ်စလုံး ဆွေးနွေးဆဲ ကာလမှာပဲ တိုက်ခိုက် ခံခဲ့ရကြောင်း၊ သွေးထွက်သံယို ဖြစ်ရပ်တွေ အတွက် အမေရိကန်မှာ လုံးဝ တာဝန်ရှိကြောင်း အီရန် အနေနဲ့ ယခုအကြိမ်စစ်ပွဲအတွက် ရေရှည် ပြင်ဆင်ထားပြီးရာ “စစ်ပွဲစတင်မယ့် ဘယ်သူမဆို နွံနစ်စေမယ်” လို့ ပြောကြားခဲ့ ပါတယ်။
—————————
THN Public Media
–
