နိုင်ငံတကာ

“နိုင်ငံအချို့က ကြားဝင်ညှိနိုင်ဖို့ ကြိုးပမ်းမှုတွေ စတင်နေပြီ” လို့ အီရန်သမ္မတ ပြော

NEW YORK, NEW YORK – SEPTEMBER 25: Iranian President Masoud Pezeshkian speaks with Fox News Channel’s Martha MacCallum during an interview on September 25, 2025 in New York City. (Photo by John Lamparski/Getty Images

မတ်လ ၆ – ၂၀၂၆

အီရန်သမ္မတ Masoud Pezeshkian က “နိုင်ငံတချို့က ကြားဝင်ညှိနိုင်ဖို့ ကြိုးပမ်းမှုတွေ စတင်နေပြီ” လို့ လူမှုကွန်ရက်မှာ ရေးသားဖေါ်ပြ လိုက်ပြီး ဘယ်နိုင်ငံတွေ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ ထုတ်ဖော် ပြောဆို ခြင်း မရှိပါ။

“ကျွန်တော်တို့ အနေနဲ့ ဒေသတွင်းမှာ တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အတွက်ဆိုရင်တော့ နောက်တွန့် နေမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပါရစေ” လို့လည်း သူက ဆိုပါတယ်။

” ကြားဝင် ညှိနှိုင်းရေး လုပ်ဆောင်မယ်သူတွေ အနေနဲ့ အီရန် ပြည်သူတွေ ကို အထင်သေးပြီး ဒီပဋိပက္ခကို စတင် မီးမွှေးခဲ့သူ တွေကို ဦးတည် ဖြေရှင်းရမှာ ဖြစ်ပါတယ်” လို့လည်း ရေးထားပါတယ်။

အီရန်ကနေ အိမ်နီးချင်း အာရပ် နိုင်ငံတွေ ကနေ မှာ ရှိတဲ့ အမေရိကန် အခြေစိုက် စခန်းတွေ၊ အရပ်သားနဲ့ စွမ်းအင် ဆိုင်ရာ အခြေခံ အဆောက် အအုံတွေ အပေါ် ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကို အိမ်နီးချင်းတွေ က ဘယ်လို တုန့်ပြန်မလဲ ဆိုတာ စဉ်းစားနေချိန် Masoud Pezeshkian ရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *