ပြည်တွင်း

စက်သုံးဆီချွေတာဖို့ စုံ/မ စနစ် စတင်၊ စက်သုံးဆီ တန်းစီတဲ့ ကားတွေ နည်းပါး

မတ် ၇ – ၂၀၂၆

စက်သုံးဆီ ခြိုးခြံချွေတာရေး အတွက် စုံ/မ စနစ် စတင်တဲ့ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ မန္တလေးမြို့က စက်သုံးဆီဆိုင် တော်တော်များများမှာ အရင် ကလောက် များပြားတဲ့ စက်သုံးဆီတန်းကြတဲ့ မော် တော်ကားတွေ မရှိ သလောက်နည်းပါးသွားတာ တွေ့ရပါတယ်။

စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေး အတွက်ဆိုပြီး မတ်လ ၇ ရက်နေ့က စလို့ ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြား စီသာ လမ်းပေါ် တက်စီးနင်းဖို့ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန် အသိ ပေးထားပါတယ်။

ဒါအပြင် အတည်မပြုနိုင်သေးတဲ့ ညွှန်ကြားစာအရ ဒီကနေ့ မတ်လ ၇ ရက်နေ့ ကနေ မတ်လ ၁၃ ရက်နေ့အထိကို ပညာပေးကာလအဖြစ် သက်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့က စတင်ပြီး ဖမ်းဆီရမယ်လို့ ယာဥ်ထိန်းရဲ တပ်ဖွဲ့တွေကို ရည်ညွှန်းစာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မန္တလေးမြို့ခံတဦးက ” စုံ/မ ရက် policy စာထုတ်တာ အတု အစစ် မကွဲသေးပေမယ့် သတိထားကြပါ” လို့ တိုက်တွန်းထားပါတယ်။

ထုတ်တဲစာက “ပြည်သူသို့ အသိပေးပြန်ကြားလွာ”ပါ၊ အမိန့်ညွန်ကြားချက် မဟုတ်တဲ့ အတွက် အရေးယူမယ် ဆိုရင် ဥပဒေနဲ့ ညီညွတ်မူမရှိပါ၊ ရာဇသတ် ကြီး ၁၈၈ နဲ့ စွဲမယ်ဆိုလည်း ဥပဒေအရ ကာလုံက တရားလို လုပ်ရမှာပါ၊ လွယ်လင့်တကူ ဖမ်း ဒဏ်ငွေသတ်မှတ်ခြင်းက ဥပဒေမဲ့ လုပ်တာလို့ဘဲ ထင်ပါတယ်” လို့ တရားလွှတ်တော် ရှေ့နေတဦး က ရည်ညွှန်းစာ ထုတ်ပြန်မှုအပေါ် မှတ်ချက်ပေးထားပါတယ်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ One Stop Service စနစ်နဲ့ မတ်လ ၁၄ ရက်နေ့က စတင်ကာ ဆောင်ရွက်မှာ ဖြစ်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း၊ ထုတ်ဆင့်ကြေငြာထားတဲ့ အမိန့်ကို လိုက်နာမှု မရှိပဲ ဖောက်ဖျက်ကျူးလွန်ရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ one stop service အဖွဲ့က အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ပြစ်ဒဏ်အဖြစ် အလုပ်မဲ့ ထောင်ဒဏ် ၁ လ နဲ့ ဒဏ်ငွေ ၂၀၀၀၀ ကျပ် ဒဏ်နှစ်ရပ်လုံး ကျခံ ရမယ်လို့ ရည်ညွှန်းစာအရ သိရပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *