မတ်လ ၉ – ၂၀၂၆
ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေ ခလယ်လွီ ထူခရိုင်မှာ မတ်လ (၇) ရက်နေ့က စစ်တပ်နဲ့ KNLA အကြား တိုက်ပွဲဖြစ်ပွား ခဲ့ရာ စစ်တပ်ဘက်က ဒရုန်းနဲ့ ဂျက်ဖိုက်တာတို့ သုံးပြီး ရေတွင်းကုန်း ကျေးရွာ အုပ်စု အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂၅ ဦးခန့် ထိခိုက် သေဆုံးခဲ့ရပြီး ၅ ဦးမှာ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ KNU က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ အရပ်သားတွေဟာ မတ်လ ၅ ရက်နေ့က လယ်ဒိုမြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်ရဲ့ တပ်ရင်း ၃ ရင်း ပူးပေါင်း စစ်ကြောင်း ကနေ ဖမ်းဆီးထားတဲ့ အရပ်သား ၁၆၀ ထဲက ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ထိခိုက်မှုနဲ့ သေဆုံးမှု စာရင်းကို ဆက်လက် စိစစ် အတည်ပြုနေဆဲဖြစ်ပြီး အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
—————————
THN Public Media
