မတ်လ ၁၀ – ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၉ ရက်နေ့က မာရာလာဂို (Mar-a-Lago) အပန်းဖြေစခန်းမှာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး နယ်ပယ်စုံ ကျယ်ပြန့်တဲ့ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာ သူက သတင်းထောက်တွေကို ပြောကြားရာမှာ စစ်ပွဲဟာ မကြာခင်မှာ ကို ပြီးဆုံးတော့မှာ ဖြစ်ပေမဲ့ အခုထိတော့ မပြီးဆုံးသေးဘူး လို့ ဆိုပါတယ်။
CBS သတင်းဌာနကို အစောပိုင်းက ပြောကြားခဲ့ရာမှာတော့ သမ္မတက “စစ်ပွဲဟာ တော်တော်လေးကို ပြီးပြည့်စုံနေပါပြီ၊ အတော်ကို ပြီးသလောက် ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။
အီရန်မှာ ရေတပ် လေတပ် ရေဒါ နဲ့ တယ်လီ ဆက်သွယ်ရေး စနစ်တွေ မရှိတော့ဘူးလို့ ပြောပါတယ်။
အီရန်ကနေ ဒရုန်းနဲ့ ဒုံးကြည်ပစ်ခတ်နိုင်တဲ့ အနေအထား ကနေ ၂၅ ရာခိုင်နှုန်း အောက်ကို ရောက်သွားပြီလို့ ဆိုပါတယ်။
“ကျွန်တော်တို့ဟာ မကောင်းဆိုးဝါးတချို့ကို ဖယ်ရှားပစ်ဖို့ လိုအပ် တယ်လို့ ခံစားရတာကြောင့် ခေတ္တခဏ သွားရောက် စစ်ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရေတို စစ်ဆင်ရေး တခုသာ ဖြစ်တာကို ခင်ဗျားတို့ တွေ့ရ ပါလိမ့် မယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ စစ်ပွဲဟာ “သတ်မှတ်ထားတဲ့ အချိန် ဇယားထက် စောနေပေမဲ့” အခုထိတော့ မပြီးသေးဘူးလို့ ပြန်လည် ပြောဆိုခဲ့ ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံ အနေနဲ့ နျူကလီးယား လက်နက်တွေကို အတော်ကြာ တဲ့ အထိ မထုတ် လုပ်နိုင်တော့ဘူး ဆိုတာ သေချာအောင် လုပ်ဆောင် ချင်တယ် လို့လည်း ထရမ့်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
‘’ဒီရေရှည်ခြိမ်းခြောက်မှုကို တခါတည်း အပြီးတိုင် အဆုံးသတ်နိုင်မယ့် နောက်ဆုံး အောင်ပွဲရရှိဖို့ အတွက် ကျွန်တော်တို့ဟာ အရင်ကထက် ပိုမို ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်သွားမှာပါ” လို့ ဆိုပါတယ်။
ဒါ့အပြင် ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတ သက်တမ်း အတွင်းက အီရန်ရဲ့ အဆင့်မြင့်ဆုံး စစ်ဘက်ခေါင်းဆောင် Qasem Soleimani ကို သုတ်သင် ခဲ့တဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“တကယ်လို့ သူသာ အသက်ရှင်နေဦးမယ် ဆိုရင် အီရန်ဟာ အခုထက် အများကြီး ပိုပြီး စွမ်းဆောင်ရည် ရှိနေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အရည်အချင်းရှိလို့ပါ။ သူက ရက်စက်တယ်၊ အကြမ်းဖက် တတ်တယ်၊ ပြီးတော့ အရည်အချင်းလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ က သူ့ကို အရင်ဆုံး ဖယ်ရှားပစ်ခဲ့တာပါ” လို့ ပြောကြား သွားခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
