မတ်လ ၁၆ – ၂၀၂၆
စစ်တပ်က ကျင်းပခဲ့တဲ့ ၂၀၂၅/၂၆ ရွေးကောက်ပွဲ ရလဒ် အရ ဒီကနေ့ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်ကို စတင်တော့မှာ ဖြစ်သလို၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အရ ဖွဲ့စည်းထားတဲ့ CRPH ကလည်း ဒီကနေ့မှာ ပြည်ထောင်စု လွှတ်တော် ၉ ကြိမ်မြောက်အစည်းအဝေးကို ခေါ်ယူမှာ ဖြစ်လို့ ဒီကနေ့ မတ်လ ၁၆ ရက်နေ့ဟာ စစ်တပ်ရဲ့ လွှတ်တော် နဲ့ တော်လှန်ရေး ဘက်က လွှတ်တော် ၂ ခု အပြိုင် ကျင်းပကြမှာ ဖြစ်ပါတယ်။
မတ်လ ၁၈ ရက်နေ့မှာတော့ စစ်တပ်က အမျိုးသားလွှတ်တော် နဲ့ မတ်လ ၂၀ ရက်နေ့မှာ တိုင်း/ပြည်နယ် လွှတ်တော်တွေကို ခေါ်ယူမှာ ဖြစ်ပါတယ်။
တော်လှန်ရေးဘက်ကလည်း စစ်ကိုင်း မန္တလေး မကွေးတိုင်း တို့ရဲ့ ဖက်ဒရယ် ယူနစ် လွှတ်တော် အသီးသီးကို ဖွဲ့စည်းထားပြီး ဖက်ဒရယ် ယူနစ် အစိုးရတွေကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။
စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုတော့ တော်လှန်ရေး အင်အားစုတွေ က တရားမဝင်ကြောင်းနဲ့ အတုအယောင် သာဖြစ်ကြောင်း ကန့်ကွက် ထားကြသလို စစ်တပ်ရွေးကောက်ပွဲ ဝင်တဲ့ ကိုယ်စားလှယ်တွေ ကို ထောင်ဒဏ် ၅ နှစ်အထိနဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တဲ့ ဥပဒေကို CRPH က ပြဌာန်းထားတာ ဖြစ်ပါတယ်။
တဘက်မှာလည်း CRPH ရဲ့ ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ သက်တမ်း ၅ နှစ်ပြည့်သွားပြီ ဖြစ်လို့ တရားဝင်မှု ရှိသေးလား ဆိုတဲ့ ဥပဒေကြောင်းအရ ဝေဖန် သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
—————————
THN Public Media
